ထုိင္းႏုိင္ငံရိွ ျမန္မာဒုကၡသည္စခန္းမ်ားမွ ေနရပ္ျပန္မ်ား နီးစပ္ရာနယ္စပ္မ်ားမွ ဆက္လက္ဝင္ေရာက္လာ

ထုိင္းႏုိင္ငံရိွ ျမန္မာဒုကၡသည္စခန္းမ်ားမွ ေနရပ္ျပန္မ်ား နီးစပ္ရာနယ္စပ္မ်ားမွ ဆက္လက္ဝင္ေရာက္လာ
ဇူလိုင် 2, 2019
By 🌸
ထိုင္းႏိုင္ငံမွ မိမိဆႏၵအေလ်ာက္ေနရပ္ျပန္လိုသူ ျမန္မာႏိုင္ငံသားမ်ား စတုတၳအႀကိမ္ ျပန္လည္စိစစ္လက္ခံေရး အစီအစဥ္ျဖင့္ ထုိင္းႏုိင္ငံတြင္းရိွ ျမန္မာဒုကၡသည္စခန္းမ်ားမွ ေနရပ္ျပန္မ်ားကို ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ (၁)ရက္ေန႔မွ (၃)ရက္ေန႔အထိ လႊဲေျပာင္းလက္ခံေနေၾကာင္း သိရသည္။

ႏိုင္ငံသားစိစစ္ၿပီးျဖစ္သည့္ ေနရပ္ျပန္မ်ား ဒုတိယေန႔ျပန္လည္လက္ခံေရးအစီအစဥ္အျဖစ္ ဇူလုိင္လ (၂)ရက္ေန႔တြင္ ဘန္မႏြိဳင္ဆြိဳင္းဒုကၡသည္စခန္းမွ ေနရပ္ျပန္မ်ားကို ကယားျပည္နယ္ မယ္စဲ့ဂိတ္မွ လည္းေကာင္း၊ ထမ္ဟင္ဒုကၡသည္စခန္းမွ ေနရပ္ျပန္မ်ားကို တနသၤာရီတုိင္းေဒသႀကီးရိွ ထီးခီးဂိတ္မွလည္းေကာင္း ျပန္လည္လက္ခံသြားမည္ျဖစ္ၿပီး တတိယေန႔အျဖစ္ ဇူလိုင္လ (၃)ရက္ေန႔တြင္ မယ္လ၊ အုန္းျပန္ႏွင့္ မယ္လအုန္းဒုကၡသည္စခန္းမ်ားမွ ေနရပ္ျပန္မ်ားကို ျမဝတီၿမိဳ႕ရွိ ေက်ာက္လုံးႀကီးစခန္းတြင္ လက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဇူလုိင္လ (၁)ရက္ေန႔က ပထမေန႔အျဖစ္ ႏို႔ပိုးဒုကၡသည္စခန္းမွ (၁၅၁)ဦး၊ မယ္လဒုကၡသည္စခန္းမွ (၅)ဦး၊ အုန္းျပန္ဒုကၡသည္စခန္းမွ(၁)ဦး စုစုေပါင္း(၁၅၇)ဦးတို႔ ေနရပ္ျပန္လာၾကသျဖင့္ ျမဝတီၿမိဳ႕ရိွ ေက်ာက္လံုးႀကီးစခန္းတြင္ ျမန္မာတာဝန္ရိွသူမ်ားက ႀကိဳဆိုလက္ခံထားျခင္းျဖစ္ေၾကာင္း သိရသည္။

ေနရပ္ျပန္လာသည့္ ျမန္မာႏုိင္ငံသားမ်ား ေနရပ္ဇာတိျပန္လည္ေနထုိင္ႏုိင္ေရးအတြက္ သက္ဆုိင္ရာ တာဝန္ရိွသူမ်ားက ကူညီပံ့ပိုးေပးသြားမည္ျဖစ္ၿပီး ေနရပ္ျပန္မ်ား ႏုိ္င္ငံသားစိစစ္ေရးကဒ္မ်ားရရိွေရး၊ ပညာေရး၊ က်န္းမာေရးပံ့ပိုးမႈမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: MOFA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်စခန်းများမှ နေရပ်ပြန်များ နီးစပ်ရာနယ်စပ်များမှ ဆက်လက်ဝင်ရောက်လာ
**************
ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက်နေရပ်ပြန်လိုသူ မြန်မာနိုင်ငံသားများ စတုတ္ထအကြိမ် ပြန်လည်စိစစ်လက်ခံရေး အစီအစဉ်ဖြင့် ထိုင်းနိုင်ငံတွင်းရှိ မြန်မာဒုက္ခသည်စခန်းများမှ နေရပ်ပြန်များကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့မှ (၃)ရက်နေ့အထိ လွှဲပြောင်းလက်ခံနေကြောင်း သိရသည်။

နိုင်ငံသားစိစစ်ပြီးဖြစ်သည့် နေရပ်ပြန်များ ဒုတိယနေ့ပြန်လည်လက်ခံရေးအစီအစဉ်အဖြစ် ဇူလိုင်လ (၂)ရက်နေ့တွင် ဘန်မနွိုင်ဆွိုင်းဒုက္ခသည်စခန်းမှ နေရပ်ပြန်များကို ကယားပြည်နယ် မယ်စဲ့ဂိတ်မှ လည်းကောင်း၊ ထမ်ဟင်ဒုက္ခသည်စခန်းမှ နေရပ်ပြန်များကို တနင်္သာရီတိုင်းဒေသကြီးရှိ ထီးခီးဂိတ်မှလည်းကောင်း ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး တတိယနေ့အဖြစ် ဇူလိုင်လ (၃)ရက်နေ့တွင် မယ်လ၊ အုန်းပြန်နှင့် မယ်လအုန်းဒုက္ခသည်စခန်းများမှ နေရပ်ပြန်များကို မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ (၁)ရက်နေ့က ပထမနေ့အဖြစ် နို့ပိုးဒုက္ခသည်စခန်းမှ (၁၅၁)ဦး၊ မယ်လဒုက္ခသည်စခန်းမှ (၅)ဦး၊ အုန်းပြန်ဒုက္ခသည်စခန်းမှ(၁)ဦး စုစုပေါင်း(၁၅၇)ဦးတို့ နေရပ်ပြန်လာကြသဖြင့် မြဝတီမြို့ရှိ ကျောက်လုံးကြီးစခန်းတွင် မြန်မာတာဝန်ရှိသူများက ကြိုဆိုလက်ခံထားခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသားများ နေရပ်ဇာတိပြန်လည်နေထိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကူညီပံ့ပိုးပေးသွားမည်ဖြစ်ပြီး နေရပ်ပြန်များ နို်င်ငံသားစိစစ်ရေးကဒ်များရရှိရေး၊ ပညာရေး၊ ကျန်းမာရေးပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: MOFA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net