ကယားျပည္နယ္ ဘီလူးေခ်ာင္းအတြင္း လူငယ္တစ္ဦး ေရနစ္ျမဳပ္သြား၍ ရွာေဖြေန

ကယားျပည္နယ္ ဘီလူးေခ်ာင္းအတြင္း လူငယ္တစ္ဦး ေရနစ္ျမဳပ္သြား၍ ရွာေဖြေန
မေ 6, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လြိုင္ေကာ္ၿမိဳ႕ ေက်ာက္ျပားတံတားအနီး ဘီလူးေခ်ာင္းအတြင္း လူငယ္တစ္ဦး ေရနစ္ျမဳပ္ကာ ေပ်ာက္ေနမႈ ၂၀၁၉ခုႏွစ္ ေမလ(၆)ရက္ေန႔ ေန႔လည္ပိုင္းက ျဖစ္ပြား၍ ရွာေဖြေနေၾကာင္း သိရသည္။

"သူတို႔က သူငယ္​ခ်င္​းႏွစ္​​ေယာက္​ ​ေဘာလုံး​ေကာက္​ရင္​းနဲ႔ ဟိုဖက္​ကမ္​း ဒီဖက္​ကမ္​း ကူၾကတာ နစ္​သြားတယ္​ လို႔​ေျပာတယ္​ ။ တစ္​​ေယာက္​က နစ္​သြားတာ​ေပါ့ ။ ခုထိ မ​ေတြ႕​ေသးဘူး အ​ေလာင္​းကို ႐ွာ​ေနၾကတုန္​း​" ဟု မ်က္​ျမင္​​ေတြ႕႐ွိသူ တစ္​ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ​ေျပာသည္​။

​ေရနစ္​ျမဳပ္​​သြားသည့္ က​ေလးမွာ အ​ေဆာင္​​ေန ဆယ္​တန္​း​ေက်ာင္​းသား တစ္​ဦးျဖစ္​​ေၾကာင္​း သိရၿပီး လက္​႐ွိခ်ိန္​ထိ ​ေဒသခံ​ေရငုပ္​သူမ်ား၊ မီးသတ္​တပ္​ဖြဲ႔မ်ား၊ ရဲတပ္​ဖြဲ႔မ်ား ၊ လူမႈကူညီ​ေရး အသင္​းအဖြဲ႔မ်ားမွ ကူညီ႐ွာ​ေဖြလွ်က္​႐ွိ​ေၾကာင္​း သိရသည္​။

သတင္း/ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ကျောက်ပြားတံတားအနီး ဘီလူးချောင်းအတွင်း လူငယ်တစ်ဦး ရေနစ်မြုပ်ကာ ပျောက်နေမှု ၂၀၁၉ခုနှစ် မေလ(၆)ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွား၍ ရှာဖွေနေကြောင်း သိရသည်။

"သူတို့က သူငယ်​ချင်​းနှစ်​​ယောက်​ ​ဘောလုံး​ကောက်​ရင်​းနဲ့ ဟိုဖက်​ကမ်​း ဒီဖက်​ကမ်​း ကူကြတာ နစ်​သွားတယ်​ လို့​ပြောတယ်​။ တစ်​​ယောက်​က နစ်​သွားတာ​ပေါ့။ ခုထိ မ​တွေ့​သေးဘူး အ​လောင်​းကို ရှာ​နကြေတုန်​း​" ဟု မျက်​မြင်​​တွေ့ရှိသူ တစ်​ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ​ပြောသည်​။

​ရေနစ်​မြုပ်​​သွားသည့် က​လေးမှာ အ​ဆောင်​​နေ ဆယ်​တန်​း​ကျောင်​းသား တစ်​ဦးဖြစ်​​ကြောင်​း သိရပြီး လက်​ရှိချိန်​ထိ ​ဒေသခံ​ရေငုပ်​သူများ၊ မီးသတ်​တပ်​ဖွဲ့များ၊ ရဲတပ်​ဖွဲ့များ၊ လူမှုကူညီ​ရေး အသင်​းအဖွဲ့များမှ ကူညီရှာ​ဖွေလျှက်​ရှိ​ကြောင်​း သိရသည်​။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net