ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများ သိမ်းဆည်းရရှိ

ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်ပြောင်းပစ္စည်းများ သိမ်းဆည်းရရှိ
သြဂုတ် 28, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မှ ကချင်ပြည်နယ် တနိုင်းသို့ တပ်ပြောင်းရွှေ့လာသော စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် မြတ်မင်းမိုး၏ တပ်သုံးပစ္စည်းများနှင့် အိမ်ထောင်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

၂၀၂၃ ခုနှစ် သြဂုတ်လ (၉)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ် (၁) စစ်ဒေသ၊ ကသာခရိုင်ကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ထီးချိုင့်-ပကဖ)က ထီးချိုင့်မြို့နယ်တွင် ကုန်ကားများကို စစ်ဆေးနေစဥ် သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးချုပ် မြတ်မင်းမိုးသည် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)၏ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး) အဖြစ်မှ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (တနိုင်း)သို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)အဖြစ်သို့ ရွှေ့ပြောင်းလာရခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရရှိခဲ့သော ပစ္စည်းများမှာ စစ်ယူနီဖောင်း (၇၀)စုံ၊ ၅.၅၆ ကျည် (၄၆၅)တောင့်၊ လက်ပစ်ဗုံး (၅)လုံး၊ ၁၂ ဘီးကား (၁)စီး၊  Skynet (၂) လုံး၊ ဓာတ်မြေသြဇာ (၁၅၀)အိတ်၊ Sony အမျိုးအစား Camera (၁)လုံး၊ Fax စာပို့စက် (၁)လုံး၊ Jammer အကြီး (၁)လုံး၊ Jammer အသေး (၁) လုံး၊ PC Computer (၂)လုံး၊ TYT ဆက်သွယ်ရေးစက် (၄)လုံး၊ Inverter (၄)လုံး၊ Equipment (၁)စုံ၊ စစ်ဖိနပ် (၃)ရံ၊ ဆုတံဆိပ် (၆)ခု၊ TV (၂)လုံး၊ ကော်ရည်လောင်းစက် (၁)ခုနှင့် ကတ်ထရစ် (၂)ခု တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : MOD NUG