လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို တော်လှန်ရေးတပ်များ သိမ်းပိုက်

လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို တော်လှန်ရေးတပ်များ သိမ်းပိုက်
ဒီဇင်ဘာ 10, 2023 | 2021 Military Coup| ကယား

ကရင်နီပြည်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးကို ကရင်နီအမျိုးသား‌တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည် 

တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်၊ ခဲယမ်းများနှင့် ရဲကားများကို သိမ်းဆည်းရရှိပြီး အသေးစိတ်အချက်အလက်အား ထပ်မံထုတ်ပြန်မည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

လွိုင်ကော်တွင် ကရင်နီအမျိုးသား‌တော်လှန်ရေးတပ်များက ၁၁.၁၁ စစ်ဆင်ရေး စတင်ပြီးနောက် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ဘက်က  လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူနေခြင်းကြောင့် အရပ်သားနေအိမ်၊ ဈေးနှင့် အဆောက်အဦးများ ထိမှန်ပျက်စီးနေသည်။

#TachileikNewsAgency