စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် KNPLF ရဲဘော် ၃ဦး၏ ဈာပနပြုလုပ်

စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် KNPLF ရဲဘော် ၃ဦး၏ ဈာပနပြုလုပ်
နိုဝင်ဘာ 17, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတစ်နေရာတွင် စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေး တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ ရဲဘော်(၃)ဦး၏ ဈာပနအခမ်းအနားကို ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး (၁၆)ရက်နေ့တွင် သဂြိုလ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ (၁၄)ရက်နေ့က နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတစ်နေရာတွင် စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူး ရဲဘော်သားချော၊ ဒုတပ်စိပ်မှူး ရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေတို့ ကျဆုံးခဲ့ကြောင်း သိရသည်။



 

ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ စခန်းကြီး၊ စခန်းငယ်ပေါင်း(၇)ခုကို တော်လှန်ရေးတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်ကာ စစ်ကောင်စီဘက်မှ တိုက်ခိုက်ရေးတိုက်လေယာဉ်များဖြင့် နေ့၊ ည အဆက်မပြတ် လာရောက်ဗုံးကြဲတိုက်ခိုက်နေသဖြင့် အရပ်သားများပါ ထိခိုက်သေဆုံးမှုရှိနေသည်။

#TachileikNewsAgency

Photo : Karenni Revolution union Commando