ကယားပြည်နယ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၇)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ လာသူများ Quarantine ဝင်ရမည်

ကယားပြည်နယ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၇)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ လာသူများ Quarantine ဝင်ရမည်
စက်တင်ဘာ 2, 2020
By Tachileik News Agency
ကယားပြည်နယ်သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ မြို့နယ်(၇)မြို့နယ်နှင့် ရခိုင်ပြည်နယ်မှ လာသူများ Quarantine ဝင်ရမည်
ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးမှ Stay at Home ကြေညာထားသည့် မြို့နယ် (၇)မြို့နယ်မှ ကယားပြည်နယ်သို့ လာရောက်သူများ Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့၌ ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာလ (၂)ရက်နေ့ နံနက်(၈)နာရီမှစ၍ Stay at Home သတ်မှတ်ထားသည့် သင်္ဃန်းကျွန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်များမှ ကယားပြည်နယ်သို့ လာရောက်သူများကို Facility Quarantine ထားရှိရန် ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။
ယင်းအပြင် ရခိုင်ပြည်နယ်မှ လာသူများကိုလည်း Quarantine ထားရှိနေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် COVID 19 ပြည်တွင်းကူးစက်မှုကို တွေ့လာရပြီးနောက် ရန်ကုန် တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင်ပါ ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓါတ်ခွဲအတည်ပြု လူနာများနှင့် ထိတွေ့ခြင်းမရှိသူများတွင်ပါ COVID 19 ပိုးကူးစက်ခံထားရသည်ကို တွေ့ရသဖြင့် ကူးစက်ပျံ့နှံ့မှုထိန်းချုပ်ရန်  ရခိုင်ပြည်နယ်နှင့် ရန်ကုန်ရှိ (၇)မြို့နယ်ကို Stay at Home ကြေညာထားခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~