တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း ထိုင္းႏုိင္ငံသား(၆)ဦး ႏွင့္ ျမန္မာႏုိင္ငံသား(၂)ဦးတို႔အား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း ထိုင္းႏုိင္ငံသား(၆)ဦး ႏွင့္ ျမန္မာႏုိင္ငံသား(၂)ဦးတို႔အား လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိ
ဇူလိုင် 3, 2019
By Tachileik News Agency

ျမန္မာ-ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းဖုန္း(ခ) ေက်းရြာအုပ္စုအတြင္း ပါလိုင္ေက်းရြာရိွ ေနအိမ္ (၁) လံုးတြင္ ထိုင္းႏိုင္ငံသားမ်ား တရားမ၀င္ေနထိုင္ေနေၾကာင္း သတင္းရရိွသျဖင့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္ (၂) ရက္ ညေနပိုင္းက တာခ်ီလိတ္တပ္နယ္ႏွင့္ ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔တို႔ အပါအ၀င္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႕ျဖင့္ ၀င္ေရာက္ရွာေဖြရာ ထိုင္းႏိုင္ငံသားမ်ား အပါအ၀င္ လူ (၈) ဦးကို လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းစီးရမိခဲ့ေၾကာင္း သိရသည္။

ဇူလိုင္လ (၂) ရက္ေန႔ညေန (၅) နာရီ (၄၅) မိနစ္တြင္ ပါလိုင္ရြာရိွေနအိမ္တစ္လံုးကို ၀င္ေရာက္ရွာေဖြရာ ထိုင္းႏိုင္ငံသားမ်ားျဖစ္သည့္ အမ်ိဳးသား (၃) ဦး၊ အမ်ိဳးသမီး (၃) ဦး စုစုေပါင္း (၆)ဦး ျမန္မာႏိုင္ငံသား အမ်ိဳးသား (၁) ဦး၊ အမ်ိဳးသမီး (၁) ဦး၊ စုစုေပါင္း လူ (၈) ဦးကို (၆) လံုးျပဴးပစၥတုိ (၂) လက္၊ (၉) မမပစၥတို (၃) လက္၊ AK-47 (၃) လက္၊ M-16 (၂) လက္၊ (၁၂) ဗို႔ (၁) လံုးထိုး (၃) လက္၊ MK-12 (၁) လက္၊ M-22 ရိုင္ဖယ္ (၁) လက္၊ စုစုေပါင္း ေသနတ္ (၁၅) လက္၊ (၉) မမက်ည္ (၂၄၈) ေတာင့္၊ ပိြဳင့္ (၃၅၇) က်ည္ (၅၃) ေတာင့္၊ ပိြဳင့္ (၄၅) က်ည္ (၁၆၁) ေတာင့္၊ ပိြဳင့္ (၂၂) က်ည္ (၆၅၀) ေတာင့္၊ (၅.၅၆) မမက်ည္ (၃၁၈) ေတာင့္၊ M-22 က်ည္ (၄၀၀) ေတာင့္၊ (၁၂) ဗို႔က်ည္ (၁၂၀) ေတာင့္၊ စုစုေပါင္းက်ည္မ်ိဳးစံု (၁၉၅၀) ေတာင့္၊ (၉) မမက်ည္အိမ္ (၅) ခု၊ M-16 က်ည္အိမ္ (၉) ခု၊ ပိြဳင့္ (၂၂) က်ည္အိမ္ (၇) ခု၊ စုစုေပါင္းက်ည္အိမ္ (၂၁) ခု၊ VIGO ေမာ္ေတာ္ယာဥ္ (၃)စီး၊ MARK-X ေမာ္ေတာ္ယာဥ္ (၁) စီးတို႔ကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ထိုင္းႏိုင္ငံသား (၆) ဦးႏွင့္ ျမန္မာႏိုင္ငံသား (၂) ဦးတို႔ကို ဥပေဒႏွင့္အညီအေရးယူႏိုင္ရန္ စီစဥ္ေနၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ-ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စုအတွင်း ပါလိုင်ကျေးရွာရှိ နေအိမ် (၁) လုံးတွင် ထိုင်းနိုင်ငံသားများ တရားမဝင်နေထိုင်နေကြောင်း သတင်းရရှိသဖြင့် ၂၀၁၉ ခုနှစ် ဇူလိုင် (၂) ရက် ညနေပိုင်းက တာချီလိတ်တပ်နယ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ အပါအဝင် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများ အပါအဝင် လူ (၈) ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂) ရက်နေ့ညနေ (၅) နာရီ (၄၅) မိနစ်တွင် ပါလိုင်ရွာရှိနေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာ ထိုင်းနိုင်ငံသားများဖြစ်သည့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၃) ဦး စုစုပေါင်း (၆)ဦး မြန်မာနိုင်ငံသား အမျိုးသား (၁) ဦး၊ အမျိုးသမီး (၁) ဦး၊ စုစုပေါင်း လူ (၈) ဦးကို (၆) လုံးပြူးပစ္စတို (၂) လက်၊ (၉) မမပစ္စတို (၃) လက်၊ AK-47 (၃) လက်၊ M-16 (၂) လက်၊ (၁၂) ဗို့ (၁) လုံးထိုး (၃) လက်၊ MK-12 (၁) လက်၊ M-22 ရိုင်ဖယ် (၁) လက်၊ စုစုပေါင်း သေနတ် (၁၅) လက်၊ (၉) မမကျည် (၂၄၈) တောင့်၊ ပွိုင့် (၃၅၇) ကျည် (၅၃) တောင့်၊ ပွိုင့် (၄၅) ကျည် (၁၆၁) တောင့်၊ ပွိုင့် (၂၂) ကျည် (၆၅၀) တောင့်၊ (၅.၅၆) မမကျည် (၃၁၈) တောင့်၊ M-22 ကျည် (၄၀၀) တောင့်၊ (၁၂) ဗို့ကျည် (၁၂၀) တောင့်၊ စုစုပေါင်းကျည်မျိုးစုံ (၁၉၅၀) တောင့်၊ (၉) မမကျည်အိမ် (၅) ခု၊ M-16 ကျည်အိမ် (၉) ခု၊ ပွိုင့် (၂၂) ကျည်အိမ် (၇) ခု၊ စုစုပေါင်းကျည်အိမ် (၂၁) ခု၊ VIGO မော်တော်ယာဉ် (၃) စီး၊ MARK-X မော်တော်ယာဉ် (၁) စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် ထိုင်းနိုင်ငံသား (၆) ဦးနှင့် မြန်မာနိုင်ငံသား (၂) ဦးတို့ကို ဥပဒေနှင့်အညီအရေးယူနိုင်ရန် စီစဉ်နပြေီး စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net