လဲကျနေသည့် ဆိုင်ကယ်ပေါ်က မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း

မတ် 7, 2020
By Tachileik News Agency

လဲကျနေသည့် ဆိုင်ကယ်ပေါ်က မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင်တွင် လဲကျနေသည့် မော်တော်ဆိုင်ကယ်ပေါ်က မူးယစ်ဆေးဝါးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

နောင်ချိုမြို့အဝင် မူဆယ် - မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် လဲကျနေသည့် ဆိုင်ကယ်တစ်စီးအား တွေ့ရှိ စစ်ဆေးမိရာက ဆိုင်ကယ်ခွကြားထဲက မူးယစ်ဆေးဝါးများကို ၂၀၂၀ခုနှစ် မတ်လ(၆)ရက်နေ့ ညနေ(၅)နာရီကျော်က ရဲတပ်ဖွဲ့မှ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်ခွကြားထဲက လက်ဆွဲအိတ်အား ဖွင့်ဖောက်စစ်ဆေးကြည့်ရာက ဘိန်းဖြူ စုစုပေါင်း (၀.၁၁)ကီလို နှင့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၁၁၄၀၀၀)ပြားအား တွေ့ရှိရမိ၍ သိမ်းဆည်းခဲ့ကြပြီး ပိုင်ရှင်ဖြစ်သူအား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း ယခုရက်ပိုင်းအတွင်း၌ မူးယစ်ဆေးဝါး အမြောက်အများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိနေလျက်ရှိသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~