က်ဳိင္းတံုၿမိဳ႕ရွိ ေက်ာင္းမုန္႔ေစ်းဆိုင္မ်ား ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈရိွေစေရးႏွင့္ စားသံုးသူ အကာအကြယ္ေပးေရးကို မလိုက္နာပါ စစ္ေဆးအေရးယူမည္ျဖစ္၍ ႀကိဳတင္ အသိပညာေပး

က်ဳိင္းတံုၿမိဳ႕ရွိ ေက်ာင္းမုန္႔ေစ်းဆိုင္မ်ား ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈရိွေစေရးႏွင့္ စားသံုးသူ အကာအကြယ္ေပးေရးကို မလိုက္နာပါ စစ္ေဆးအေရးယူမည္ျဖစ္၍ ႀကိဳတင္ အသိပညာေပး
ဇူလိုင် 12, 2019
By Tachileik News Agency
ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈရိွေစေရးႏွင့္ စားသံုးသူ အကာအကြယ္ေပးေရးကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ အေျခခံပညာေက်ာင္းမ်ားရိွ ေက်ာင္းမုန္႔ေစ်းဆိုင္မ်ားအေနျဖင့္ လုိက္နာျခင္းကို စစ္ေဆးအေရးယူေတာ့မည္ျဖစ္၍ အသိပညာေပးျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။

“က်ိဳင္းတုံျမိဳ႕ေပၚက စာသင္ေက်ာင္းေတြမွာရွိတဲ့ မုန္႔ေစ်းသည္အားလုံးကို အထက(၂)ေက်ာင္းမွာေခၚျပီး ႀကိဳတင္ သိရွိေအာင္ တစ္ပတ္ေလာက္က အသိပညာေပးထားျပီးပါျပီ။ အဲဒီတုန္းက ေက်ာင္းက်န္းမာေရးအဖြဲ႕ေတြကိုပါ ေခၚပါတယ္။ စာသင္ခ်ိန္ေတြနဲ႔ဆိုေတာ့ ေက်ာင္းက်န္းမာေရးအဖြဲ႕ေတြ မပါျဖစ္ေတာ့ပါဘူး။ အခုလည္း ေက်ာင္းက်န္းမာေရးအဖြဲ႕ေတြက ဘယ္လိုစစ္ေဆးရမလဲမသိလို႔ အကူအညီေတာင္းခံလာၾကလို႔ ခုလိုေက်ာင္းေတြဆင္းျပီး ေက်ာင္းမုန္႔ ဆိုင္ေတြမွာလက္ရွိေရာင္းေနတဲ့ စားေသာက္ကုန္နဲ႔ မုန္႔ေတြကို လက္ေတြ႕ နမူယူျပီး မုန္႔ဆိုင္ေတြေကာ ေက်ာင္းက်န္းမာေရးအဖြဲ႕ေတြေရာ အသိပညာေပးတာေတြ ထပ္လုပ္ေပးေနတာပါ”ဟု စားသုံးသူေရးရာဦးစီးဌာနမွ က်ိဳင္းတုံခရိုင္ဦးစီးမွဴး ဦးသန္းစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ထုတ္ကုန္လံုၿခံဳစိတ္ခ်မႈရိွေစေရးႏွင့္ စားသံုးသူ အကာအကြယ္ေပးေရးအတြက္ ေက်ာင္းက်န္းမာေရးအဖြဲ႕မ်ားႏွင့္ ေက်ာင္းမုန္႔ေစ်းဆိုင္ရွင္မ်ားအား ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၁၂)ရက္ေန႔တြင္ အထက(၁)၌ အသိပညာေပးေဆာင္ရြက္ေၾကာင္း သိရသည္။

 ယင္းကဲ့သို႔ အသိပညာေပးရွင္းလင္းျခင္းကို အေျခခံပညာေက်ာင္းမ်ားတြင္ ေဆာင္ရြက္ၿပီးပါက ေက်ာင္းက်န္းမာေရးအဖြဲ႕မ်ားက ေက်ာင္းမုန္႔ေစ်းဆုိင္မ်ားအား စစ္ေဆးမႈမ်ား ဆက္လက္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - TS


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းမုန့်ဈေးဆိုင်များအနဖြေင့် လိုက်နာခြင်းကို စစ်ဆေးအရေးယူတော့မည်ဖြစ်၍ အသိပညာပေးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။

“ကျိုင်းတုံမြို့ပေါ်က စာသင်ကျောင်းတွေမှာရှိတဲ့ မုန့်ဈေးသည်အားလုံးကို အထက(၂)ကျောင်းမှာခေါ်ပြီး ကြိုတင် သိရှိအောင် တစ်ပတ်လောက်က အသိပညာပေးထားပြီးပါပြီ။ အဲဒီတုန်းက ကျောင်းကျန်းမာရေးအဖွဲ့တွေကိုပါ ခေါ်ပါတယ်။ စာသင်ချိန်တွေနဲ့ဆိုတော့ ကျောင်းကျန်းမာရေးအဖွဲ့တွေ မပါဖြစ်တော့ပါဘူး။ အခုလည်း ကျောင်းကျန်းမာရေးအဖွဲ့တွေက ဘယ်လိုစစ်ဆေးရမလဲမသိလို့ အကူအညီတောင်းခံလာကြလို့ ခုလိုကျောင်းတွေဆင်းပြီး ကျောင်းမုန့် ဆိုင်တွေမှာလက်ရှိရောင်းနေတဲ့ စားသောက်ကုန်နဲ့ မုန့်တွေကို လက်တွေ့ နမူယူပြီး မုန့်ဆိုင်တွေကော ကျောင်းကျန်းမာရေးအဖွဲ့တွေရော အသိပညာပေးတာတွေ ထပ်လုပ်ပေးနေတာပါ”ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေးနှင့် စားသုံးသူ အကာအကွယ်ပေးရေးအတွက် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ကျောင်းမုန့်ဈေးဆိုင်ရှင်များအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့တွင် အထက(၁)၌ အသိပညာပေးဆောင်ရွက်ကြောင်း သိရသည်။

 ယင်းကဲ့သို့ အသိပညာပေးရှင်းလင်းခြင်းကို အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ပြီးပါက ကျောင်းကျန်းမာရေးအဖွဲ့များက ကျောင်းမုန့်ဈေးဆိုင်များအား စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net