တာလေမြို့တွင် တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၉)ဦး ထပ်တိုးတွေ့ရှိ

တာလေမြို့တွင် တစ်နေ့တာ စစ်ဆေးမှုအတွင်း Covid-19 ကူးစက်ခံထားရသူ (၁၉)ဦး ထပ်တိုးတွေ့ရှိ
အောက်တိုဘာ 3, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အောက်တိုဘာလ(၃)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်များအရ Covid-19 ကူးစက်ခံထားရသူ (၁၉)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၃)ရက်နေ့တစ်နေ့တာအတွင်း တာလေမြို့ နားယောင်းကျေးရွာအုပ်စု၊ ရန်ကင်း(၁)ကျေးရွာမှ အမျိုးသား(၈)ဦး နှင့် အမျိုးသမီး (၉)ဦး၊ ဝမ်ဆာကျေးရွာမှ အမျိုးသား (၁)ဦး၊ အမှတ်(၃)ရပ်ကွက်မှ အမျိုးသား(၁)ဦး စုစုပေါင်း (၁၉)ဦးတွင် Covid-19 ပိုးစစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။

 နားယောင်းကျေးရွာအုပ်စု၊ ရန်ကင်း(၁)ကျေးရွာတွင် စက်တင်ဘာလ(၂၈)ရက်နေ့က (၂)ဦး နှင့် ယနေ့ အောက်တိုဘာလ(၃)ရက်နေ့တွင် (၆၂)ဦးကို စစ်ဆေးရာမှ (၁၇)ဦး ထပ်တိုးတွေ့ရသည့်အတွက် စုစုပေါင်း Covid-19 ကူးစက်ခံထားရသူ (၁၉)ဦးအထိ တွေ့ရှိထားခြင်းကြောင့် ရန်ကင်း(၁)ကျေးရွာအား Lockdown သတ်မှတ်ထားလိုက်သည့်အတွက် Lockdown သတ်မှတ်ထားသည့် ကာလအတွင်း စေတနာရှင်များအနေဖြင့်လည်း အခြေခံစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား နှင့် ဟင်းချက်ပစ္စည်းများ လာရောက်လှူဒါန်းပေးနိုင်ကြောင်းလည်း သိရသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၂၂၃)ဦးတွေ့ရှိထားသည်အနက် (၁၀၆)ဦးမှာ ဆေးရုံနှင့် သီးသန့်စင်တာများကနေ နေအိမ်သို့ ပြန်ခွင့်ရရှိသွားကြပြီး လက်ရှိမှာ (၁၂၄)ဦး စောင့်ကြည်ကုသဆဲရှိနေပြီး သေဆုံးသူမှာလည်း (၃)ဦး အထိရှိနေကြောင်း သိရသည်။