တာချီလိတ်နှင့် မယ်ဆိုင်အကြား Covid-19 ကာလအတွင်း နယ်စပ်ချောင်းမှ တဆင့် တရားမဝင်ကူးမှုများ မရှိစေရေးအတွက် မြန်မာဘက်က လှည့်လည်ကြည့်ရှု

တာချီလိတ်နှင့် မယ်ဆိုင်အကြား Covid-19 ကာလအတွင်း နယ်စပ်ချောင်းမှ တဆင့် တရားမဝင်ကူးမှုများ မရှိစေရေးအတွက် မြန်မာဘက်က လှည့်လည်ကြည့်ရှု
ဇူလိုင် 13, 2020
By Tachileik News Agency
တာချီလိတ်နှင့် မယ်ဆိုင်အကြား Covid-19 ကာလအတွင်း   နယ်စပ်ချောင်းမှ တဆင့် တရားမဝင်ကူးမှုများ မရှိစေရေးအတွက် မြန်မာဘက်က လှည့်လည်ကြည့်ရှု

မြန်မာ - ထိုင်းနယ်စပ်တစ်လျှောက် နယ်စပ်ချောင်းကို တရားမဝင် ဖြတ်ကူးမှုများအား မယ်ဆိုင်ဘက်တွင် နည်းလမ်းပေါင်းစုံဖြင့် တားဆီးရန် လုပ်ဆောင်နေပြီး တာချီလိတ်မြို့ ဘက်ခြမ်းတွင်လည်း ဒေသခံများ နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ခြင်းမပြုရန် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင် ကွင်းဆင်းအသိပညာပေးခြင်း စတင်လုပ်ဆောင်သည်။

ကျွန်တော်တို့ ဒီနေ့ ရန်အောင်မြေမှာရှိတဲ့ ချောင်းတစ်နလျှောက်ကို လှည့်ပတ်ကြည့်တယ်။ အခုဖြစ်နေတာက ကမ္ဘာ့ကပ်ရောဂါဆိုတော့ ဒီရောဂါကြီး မပျံ့ပွားဖို့ ထိန်းချုပ်ထားတာမှာ နယ်စပ်က တရားမဝင် ဖြတ်ကြတာတွေ မလုပ်ကြဖို့ အသံချဲ့စက်နဲ့ အသိပေးကြေညာခဲ့ပါတယ်။ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ပြည်သူ့စစ်တွေကိုလည်း ပြောထားပါတယ်။ ဒီကပ်ရောဂါ ထိန်းချုပ်ရေးအတွက် ပြည်ပက တရားမဝင် ဝင်ရောက်တာတွေကို အရေးယူဖို့ အမျိုးသားအဆင့်ကနေလည်း ညွှန်ကြားထားပြီးဖြစ်ပါတယ်။ တာချီလိတ်မြို့က နယ်စပ်က အင်မတန်လည်း ရှည်လျားတော့ ထိန်းချုပ်ဖို့တော့ ခက်ပါတယ်။ ထိုင်းဘက်ကတော့ သံဆူးကြိုးတွေ ကာထားတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ဒေသခံတွေကို အသိပေးတာကို ရပ်ကွက်အလိုက် အလျဉ်းသင့်သလို ဆက်လုပ်သွားဖို့ရှိပါတယ်

ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်ချောင်းတစ်လျှောက် လှည့်လည်စစ်ဆေးခြင်း၊ ဒရုန်းဖြင့် ပျံသန်းစစ်ဆေးခြင်း၊ ရပ်ကွက်အတွင်း လော်စပီကာဖြင့် အသိပေးကြေညာခြင်းများကို လုပ်ဆောင်ရာသို့ လူမှုကူညီရေးအသင်းမျာက ပါဝင်ကူညီပေးကြကြောင်း သိရသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြား နယ်စပ် မယ်ဆိုင်ချောင်းအပါအဝင် နယ်စပ်တစ်လျှောက်မှ တရားမဝင် ဝင်ရောက်မှုများကို တားဆီးရန် မယ်ဆိုင်ဘက်က လှည့်ကင်းများ တိုးမြှင့်လုပ်ဆောင်ခြင်း၊ သံဆူးကြိုးများ ကာရံခြင်း၊ ဒရုန်းများ၊ စီစီတီဗီများဖြင့် စောင့်ကြည့်စစ်ဆေးခြင်းများကိုပါ လုပ်ဆောင်နေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~