တာချီလိတ်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့ချနိုင်ရေးအတွက် ပါလျှံမီးပွိုင့်တွင် လမ်းချဲ့မည်

တာချီလိတ်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့ချနိုင်ရေးအတွက် ပါလျှံမီးပွိုင့်တွင် လမ်းချဲ့မည်
မတ် 14, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှု လျော့ချနိုင်ရေးအတွက် ပါလျှံမီးပွိုင့်တွင် လမ်းချဲ့မည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုများ လျော့ချနိုင်ရေးအတွက် ပါလျံမီးပွိုင့်နေရာတစ်ဝိုက် လမ်းချဲ့ထွင်မှုကို အပိုင်း (၃) ပိုင်းခွဲပြီး ဆောင်ရွက်နေရာ ဧပြီလကုန်တွင် လုပ်ငန်းပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရသည်။

"ဧပြီလဆန်းပိုင်းပြီးစီးဖို့ မျှော်မှန်းထားပေမဲ့ ဧပြီလကုန်ပိုင်းလောက်မှ ပြီးတော့မယ်။ သင်္ကြန်က (၁၀) ရက် ပိတ်မယ်။ နောက်အခက်အခဲက ဖျက်ပေးရမယ့် အဖီတွေရှိတယ်။ ပထမပိုင်းအနေနဲ့ ပါလျှံတရုတ်ဘုံကျောင်းဘက် သွားတဲ့လမ်းကို (၁၀) ပေစချဲ့မယ်။ ဒုတိယပိုင်းက BT ဆီပန့်ဘက်ခြမ်းမှာလည်း (၁၀) ပေချဲ့မယ်။ ဆီပန့်မျက်နှာချင်းဆိုင်မှာလည်း (၁၀) ပေချဲ့မယ်။ ဒီနှစ်က (၃) နေရာချဲ့မယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ၊ အင်ဂျင်နီယာမှူး ဦးကျော်မိုးခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ပါလျှံမီးပွိုင့်လမ်းကို အလျား (၅၄၀) ပေ၏ ညာဘက်အခြမ်းကို (၁၀) ပေ ထပ်ချဲ့ကာ ကွန်ကရစ်လမ်း အဖြစ် တိုးချဲ့ဖောက်လုပ်ခြင်းနှင့် လမ်းဘေးတွင် ကျောက်စီမြေကာနံရံ၊ အုတ်စီရေမြောင်းများ တည်ဆောက်မှုကို ၂၀၂၀ ခုနှစ် မတ်လ ပထမပတ်ကတည်းက စတင်နေခြင်းဖြစ်သည်။

တာချီလိတ်မြို့ ပါလျှံ မီးပွိုင့်လမ်း၏ ဘယ်ဘက်အခြမ်းကို (၈) ပေမှ (၁၄) ပေအကျယ်အထိ ထပ်မံတိုးချဲ့ ဆောင်ရွက်မှုကို ၂၀၁၉ ခုနှစ်၊ မတ်လကတည်းက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းတိုးချဲ့မှုများပြီးစီးသွားပါက လမ်းသားအကျယ် (၆၅) ပေအထိရှိလာမည်ဖြစ်သည်။

မီးပွိုင့်လမ်းတွင် အလွတ်ကွေ့ကြောများအဖြစ် လမ်း၏ညာဘက်ခြမ်းတွင် တရုတ်ဘုံကျောင်းဘက် လမ်းကြော၊ လမ်း၏ဘယ်ဘက်ခြမ်း မြို့တွင်းအဝင်ပိုင်း လမ်းကြောနှင့် ပါလျံတရုတ်ဘုံကျောင်းဘက်မှ မြို့ပြင်အထွက်ဘက် လမ်းကြောများကို သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - စည်ပင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~