တာချီလိတ်တွင် တရားမဝင်နိုင်ငံခြားသားဖမ်းဆီးမှုအတွင်း နောက်ဆက်တွဲ အပါအ၀င် စုစုပေါင်း (၂၀၄)ဦးဖမ်းမိသည့်အနက် တရုတ်နိုင်ငံသား (၁၆၆)ဦး ပါဝင်ကြောင်း အတည်ပြု

တာချီလိတ်တွင် တရားမဝင်နိုင်ငံခြားသားဖမ်းဆီးမှုအတွင်း နောက်ဆက်တွဲ အပါအ၀င် စုစုပေါင်း (၂၀၄)ဦးဖမ်းမိသည့်အနက် တရုတ်နိုင်ငံသား (၁၆၆)ဦး ပါဝင်ကြောင်း အတည်ပြု
မေ 14, 2019
By Tachileik News Agency




နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တရားမဝင် ထိုင်းနိုင်ငံသားများနှင့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိလေ့ရှိသော်လည်း ယခုဖမ်းဆီးမှုအတွင်း ရာနှင့်ချီသည့် တရားမဝင်နိုင်ငံခြားသားများကို တရားမဝင်လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မေလ (၁၃)ရက်နေ့တစ်နေ့အတွင်း  နေရာ (၃)နေရာကို ဝင်ရောက်စစ်ဆေးရာ ၎င်းတို့အား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအ၀င်၊ မူးယစ်ဆေးဝါး နှင့်လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်နိုင်ငံသားအားလုံးကို လ၀ကဥပဒေဖြင့် အရေးယူရန် စိစစ်နေပြီး ကျန်ရှိသည်များကိုလည်း သက်ဆိုင်ရာပုဒ်မအသီးသီးဖြင့် အမှုဖွင့်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီးမှုအတွင်း စုစုပေါင်းဖမ်းမိသူ (၂၀၄)ဦးအနက် တရုတ်နိုင်ငံသား (၁၆၆)ဦးကို စစ်ဆေးတွေ့ရှိရပြီး ကျန် (၃၈)ဦးမှာ မြန်မာနိုင်ငံသားများဖြစ်ကြောင်းသိရသည်။

၂၀၁၉ခုနှစ် မေလ (၁၃)ရက်နေ့က ဖမ်းဆီးရမှုအတွင်း တရုတ်နိုင်ငံသား (၁၈၈)ဦးဟု ကနဦး ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူများအား လူဝင်မှုကြီးကြပ်ရေးက နိုင်ငံသားစစ်ဆေးမှုများလုပ်ဆောင်ရာ တရုတ်နိုင်ငံသား အမျိုးသား (၁၅၈)ဦးနှင့် အမျိုးသမီး (၈)ဦးကို စစ်ဆေးတွေ့ရှိရပြီး ကျန် (၃၈)ဦးမှာ ရှမ်း၊ ဝ၊ အာခါ၊ လားဟူ၊ ကိုးကန့်နှင့် ဗမာလူမျိုး မြန်မာနိုင်ငံသားများဖြစ်သည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ကနဦးသတင်းများတွင် ဖမ်းဆီးမှုအတွင်း တရုတ်နိုင်ငံသား (၁၈၈)ဦးပါဝင်သည်ဟု သိရပြီး ဖမ်းဆီးရမိသူများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာများနှင့်ပတ်သက်၍ စစ်ဆေးမှုများပြုလုပ်ပြီးနောက် (၁၆၆)ဦးမှာ တရုတ်နိုင်ငံသားများဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် တရားမဝင် ထိုင်းနိုင်ငံသားများနှင့် တရုတ်နို်င်ငံသားများကို ဖမ်းဆီးရမိလေ့ရှိသော်လည်း ယခုဖမ်းဆီးမှုအတွင်း ရာနှင့်ချီသည့် တရားမဝင်နိုင်ငံခြားသားများကို တရားမဝင်လောင်းကစားလုပ်ငန်း၊ မူးယစ်ဆေး၊ လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် မေလ (၁၃)ရက်နေ့တစ်နေ့အတွင်း နေရာ (၃)နေရာကို ဝင်ရောက်စစ်ဆေးရာ၎င်းတို့အား ကား/ဆိုင်ကယ်(၁၀)စီး၊ လက်ကိုင်ဖုန်း(၅၄၈)လုံး အပါအဝင်၊ မူးယစ်ဆေးဝါး နှင့်လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သဖြင့် မြန်မာနိုင်ငံသားမဟုတ်သည့် တရုတ်နိုင်ငံသားအားလုံးကို လဝကဥပဒဖြေင့် အရေးယူရန် စိစစ်နပြေီး ကျန်ရှိသည်များကိုလည်း သက်ဆိုင်ရာပုဒ်မအသီးသီးဖြင့် အမှုဖွင့်စစ်ဆေးနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net