တာချီလိတ် - မိုင်းဆတ်သွားလမ်း ယန်းခေါင်ကျေးရွာအနီးတွင် လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ

တာချီလိတ် - မိုင်းဆတ်သွားလမ်း ယန်းခေါင်ကျေးရွာအနီးတွင် လက်နက်ခဲယမ်း နှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
နိုဝင်ဘာ 24, 2020
By Tachileik News Agency
တာချီလိတ် - မိုင်းဆတ်သွားလမ်း ယန်းခေါင်ကျေးရွာအနီးတွင် လက်နက်ခဲယမ်း နှင့်  မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ ဖမ်းမိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း တာချီလိတ် - မိုင်းဆတ်သွားကားလမ်း ယန်းခေါင်ကျေးရွာအနီးတွင် အမျိုးသားနှစ်ဦး ပါဝင်သည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာ‌ဖွေရာက လက်နက်ခဲယမ်းများနှင့်အတူ မူးယစ်ဆေးဝါးထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ် - မိုင်းဆတ်သွားလမ်း ယန်းခေါင်ကျေးရွာအနီးတွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်၊ တပ်စု(၂)မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေရာ ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၄)ရက်နေ့ နံနက် (၆)နာရီခွဲဝန်းကျင် အချိန်က စန်းလုကျေးရွာဘက်မှ တာချီလိတ်မြို့ဘက်သို့ မောင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ပစ္စတို သေနတ် (၂)လက်၊ ၎င်းကျည်အိမ်(၃)ခု၊ 9mm ကျည် (၆၈)တောင့် အပြင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် ရောစပ် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Ethyl Vanillin စာတန်းပါ အဖြူရောင်အမှုန့် စုစုပေါင်း (၈၉)ကီလို ဝန်းကျင်၊ အနီရောင်အမှုန့် စုစုပေါင်းအလေးချိန် (၁၀)ကီလိုဝန်းကျင်၊ အနံ့ရည်ဘူးသေး စုစုပေါင်း ဘူး(၆၀)၊ မျောက်တံဆိပ် အနံ့ဆေးရည် စုစုပေါင်း (၂၄)လီတာ၊ ဆေးပြားရိုက်ရာတွင် မိုလ် (၁၉)ချောင်းဖြင့် အသုံးပြုနိုင်သည့် ဆက်စပ်ပစ္စည်း ပင်နယ်ယမ်အစိမ်းအပိုင်း (၁)ခု အပြင် Gum Arabic in chemical  စာတန်းပါ အဖြူရောင် အိတ်ဖြင့် ထည့်ထားသည့် အဖြူရောင် အမှုန့် (၂၅)ကီလိုဝန်းကျင်တို့ကို တွေ့ရှိ သိမ်းဆည်း ရမိကြောင်း သိရသည်။

စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများနှင့် မူးယစ်ဆေးဝါးများထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများ အပါအဝင်  အိုက်အဲ နှင့် အိုက်ပင်းတို့အား  မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်သို့ လွဲပြောင်းပေးအပ်လာသည့်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေပြီး ကွင်းဆက်ဖော်ထုတ်နေကြောင်း သိရှိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~