တာခ်ီလိတ္ၿမိဳ႕ရွိ ကားပါကင္တစ္ခုတြင္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါး အနည္းငယ္ႏွင့္အတူ ဖမ္းဆီးရမိရာမွ ေနအိမ္တြင္ မူးယစ္ေဆး၀ါး ထပ္မံေတြ႔ရွိ

တာခ်ီလိတ္ၿမိဳ႕ရွိ ကားပါကင္တစ္ခုတြင္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါး အနည္းငယ္ႏွင့္အတူ ဖမ္းဆီးရမိရာမွ ေနအိမ္တြင္ မူးယစ္ေဆး၀ါး ထပ္မံေတြ႔ရွိ
မေ 21, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ရန္ေအာင္ေျမရပ္ကြက္အပိုင္း၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေဘးရွိ ဟိုတယ္တစ္ခု၏ ကားပါကင္တြင္ ရဲတပ္ဖြဲ႔က မူးယစ္ေဆး၀ါးသတင္းအရ ေစာင့္ဆိုင္းေနစဥ္ ဆုိင္ကယ္ျဖင့္ ေရာက္ရွိလာသည့္ အမ်ဳိးသားတစ္ဦးအား မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔က သတင္းရရွိထားသည့္ ဟိုတယ္၏ ကားပါကင္တြင္ ၂၀၁၉ခုႏွစ္ ေမလလ(၂၁)ရက္ေန႔ ေန႔လည္(၁)နာရီ၀န္းက်င္အခ်ိန္က ေစာင့္ဆိုင္းေနစဥ္ သတင္းရရွိထားသည့္ အိုက္တီဆိုသူသည္ ဆိုင္ကယ္ျဖင့္ ၀င္ေရာက္လာရာ ၎အား ထိန္းသိမ္းၿပီး ရွာေဖြရာမွ ၎၀တ္ဆင္ထားသည့္ ေဘာင္ဘီအိတ္ကပ္အတြင္းမွ ဘိန္းျဖဴ (၂)ဂရမ္၀န္းက်င္အား ေတြ႔ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ရဲတပ္ဖြဲ႔၏ စစ္ေဆးခ်က္အရ ၎၏ ေနအိမ္တြင္ မူးယစ္ေဆး၀ါး က်န္ရွိေသးေၾကာင္း သိရွိရ၍ ေန႔လည္(၁)နာရီခြဲ၀န္းက်င္တြင္ ၎၏ ေနအိမ္ျဖစ္ေသာ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေနအိမ္သို႔ သြားေရာက္ရွာေဖြရာ ေနအိမ္ အိပ္ခန္းအတြင္းမွ Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၇)ျပား၊ ဘိန္းျဖဴ (၅)ဂရမ္ခန္႔ ႏွင့္ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ ကိရိယာမ်ားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဆက္လက္၍ ေနအိမ္အေနာက္ဘက္ရွိ ဂိုေဒါင္အတြင္းမွ အေလးခ်ိန္ (၃၁၀)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴ ဘေလာက္တံုး (၁)တံုးကိုလည္း ထပ္မံရွာေဖြေတြ႔ရွိရ၍ အသက္(၅၃)ႏွစ္ရွိ အိုက္တီ ဆိုသူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ကာ စစ္ေဆးေနလ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမဘေးရှိ ဟိုတယ်တစ်ခု၏ ကားပါကင်တွင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးသတင်းအရ စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် အမျိုးသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က သတင်းရရှိထားသည့် ဟိုတယ်၏ ကားပါကင်တွင် ၂၀၁၉ခုနှစ် မေလလ(၂၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် အိုက်တီဆိုသူသည် ဆိုင်ကယ်ဖြင့် ဝင်ရောက်လာရာ၎င်းအား ထိန်းသိမ်းပြီး ရှာဖွေရာမှ၎င်းဝတ်ဆင်ထားသည့် ဘောင်ဘီအိတ်ကပ်အတွင်းမှ ဘိန်းဖြူ (၂)ဂရမ်ဝန်းကျင်အား တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ၎င်း၏ နေအိမ်တွင် မူးယစ်ဆေးဝါး ကျန်ရှိသေးကြောင်း သိရှိရ၍ နေ့လည်(၁)နာရီခွဲဝန်းကျင်တွင်၎င်း၏ နေအိမ်ဖြစ်သော တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ နေအိမ်သို့ သွားရောက်ရှာဖွေရာ နေအိမ် အိပ်ခန်းအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၇)ပြား၊ ဘိန်းဖြူ (၅)ဂရမ်ခန့် နှင့် စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများကို သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ နေအိမ်အနောက်ဘက်ရှိ ဂိုဒေါင်အတွင်းမှ အလေးချိန် (၃၁၀)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူ ဘလောက်တုံး (၁)တုံးကိုလည်း ထပ်မံရှာဖွေတွေ့ရှိရ၍ အသက်(၅၃)နှစ်ရှိ အိုက်တီ ဆိုသူအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ကာ စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net