တာချီလိတ်မြို့ရှိ မြသဟာဆေးရုံတွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်၍ ကုသခံလိုသည့် ဝေဒနာရှင်ကလေးငယ်များ မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

တာချီလိတ်မြို့ရှိ မြသဟာဆေးရုံတွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်၍ ကုသခံလိုသည့် ဝေဒနာရှင်ကလေးငယ်များ မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်
ဇန်နဝါရီ 9, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ  မြသဟာဆေးရုံတွင် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်၍ ကုသခံလိုသည့် ဝေဒနာရှင်ကလေးငယ်များ မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွင်းနိုင်

NewLook, NewLife Foundation, Smile Train Myanmar နှင့် မြသဟာဆေးရုံကြီးမှပူးပေါင်းကာရှမ်းပြည်နယ်အရှေ့ပိုင်းရှိ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအား ဒုတိယအကြိမ် ကုသိုလ်ဖြစ်အခမဲ့ ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်၍ မတ်လ(၂၅)ရက်နေ့ နောက်ဆုံးထား စာရင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကုသိုလ်ဖြစ်အခမဲ့ ခွဲစိတ်ကုသမှုအား ၂၀၂၀ခုနှစ် မတ်လ(၂၇)ရက်နေ့မှ မတ်လ(၂၉)ရက်နေ့အထိ ဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ဖြစ်သည့် ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင် နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကလေးများအနေဖြင့် ဖော်ပြထားသည့် လိပ်စာနှင့် ဖုန်းနံပါတ်များအတိုင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

ခွဲစိပ်ပေးရာတွင် လူဦးရေ ကန့်သတ်ထားသည့်အတွက် ဖုန်း 09267833380 နှင့် 084-51484 သို့ ဆက်သွယ်မေးမြန်းနိုင်သလို တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း  မြတ်လေးလမ်း အမှတ်(၈/၁၃၂)တွင် ဖွင့်လှစ်ထားရှိသည့်  မြသဟာဆေးရုံသို့ လာရောက်၍လည်း မေးမြန်းကာ စာရင်းပေးသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ 

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~