မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၆)ခုအနက္ ေလွ်ာက္ထားသူမရိွသည့္ (၃)ခုကို စက္တင္ဘာလ (၅)ရက္ေန႔တြင္ ဒုတိယအႀကိမ္ ေရာင္းခ်မည္

မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္၏ အရပ္ရပ္အခြင့္အေရးလုိင္စင္ (၆)ခုအနက္ ေလွ်ာက္ထားသူမရိွသည့္ (၃)ခုကို စက္တင္ဘာလ (၅)ရက္ေန႔တြင္ ဒုတိယအႀကိမ္ ေရာင္းခ်မည္
သြဂုတ် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၉-၂၀၂၀ ခု ဘ႑ာေရးႏွစ္ အတြက္ အရပ္ရပ္အခြင့္အေရးလိုင္စင္ (၆)ခုအနက္ ေလွ်ာက္ထားသူမရိွသည့္ လုပ္ငန္း (၃)ခုအား ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔တြင္ ဒုတိယအႀကိမ္ ေရာင္းခ်ေပးသြားမည္ျဖစ္သည္။

“လုပ္ငန္း (၆)ခုမွာ ပထမအႀကိမ္ ေလလံပစ္တာမွာ (၃)ခုေတာ့ ေရာင္းရၿပီ။ အခုက်န္တဲ့ လုပ္ငန္း (၃)ခုကို ထပ္ေခၚထားတာပါ။ ပထမအႀကိမ္မွာ ၿမိဳ႕ဝင္ဘီးေကာက္၊ ၿမိဳ႕မေစ်းဘီးေကာက္နဲ႔ ၿမိဳ႕မအေပါင္ဆိုင္ လုပ္ငန္းေတာ့ ဆြဲသြားၿပီ”ဟု မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အမႈေဆာင္အရာရိွ ဦးေက်ာ္ႏုိင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မုိင္းဆတ္ၿမိဳ႕ စည္ပင္သာယာေရးေကာ္မတီ၏ အရပ္ရပ္အခြင့္အေရးလိုင္စင္ လုပ္ငန္း (၆)ခုကို ၾသဂုတ္လ (၂၆)ရက္ေန႔က ေလလံေရာင္းခ်ခဲ့ရာ ၿမိဳ႕မေစ်း စက္ဘီး/ဆိုင္ကယ္ အပ္ႏွံလုပ္ငန္းအား လိုင္စင္ေၾကး (၅၂.၂)သိန္း၊ ၿမိဳ႕မအေပါင္ဆိုင္လုပ္ငန္းအား လိုင္စင္ေၾကး (၄၁.၆)သိန္းႏွင့္ ၿမိဳ႕ဝင္ဘီးေကာက္လုပ္ငန္း လိုင္စင္အား လိုင္စင္ေၾကး က်ပ္ (၅၀.၀)သိန္းျဖင့္ ေလလံေရာင္းခ်ခဲ့ၿပီးျဖစ္သည္။

က်န္ရိွသည့္ လုပ္ငန္း(၃)ခုျဖစ္သည့္ ၿမိဳမေစ်းေကာက္လုပ္ငန္းကို ၾကမ္းခင္းေစ်း က်ပ္ (၈၇၂၀၀၀၀)၊ လမ္းေဘးေစ်းေကာက္လုပ္ငန္းကို ၾကမ္းခင္းေစ်း က်ပ္(၁၃၉၀၀၀၀)ႏွင့္ ၿမိဳ႕သစ္ေစ်းေကာက္ လုပ္ငန္းလိုင္စင္ကို ၾကမ္းခင္းေစ်း က်ပ္ (၇၉၀၀၀၀)ျဖင့္ ဒုတိယအႀကိမ္ ျပန္လည္စိစစ္ေရာင္းခ်မည္ျဖစ္သည္။

မိုင္းဆတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၏ ၂၀၁၉ - ၂၀၂၀ ခု ဘ႑ာေရးႏွစ္အတြက္ အသားထုတ္လုပ္ေရာင္းခ်ခြင့္လုပ္ငန္း လုိင္စင္ (၅)ခုကိုလည္း ၾသဂုတ္လ (၂၃)ရက္ေန႔တြင္ လုပ္ငန္းရွင္ (၈)ဦးထံ လုပ္ကိုင္ခြင့္ခ်ထားေပးၿပီးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၆)ခုအနက် လျှောက်ထားသူမရှိသည့် လုပ်ငန်း (၃)ခုအား ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ဒုတိယအကြိမ် ရောင်းချပေးသွားမည်ဖြစ်သည်။

“လုပ်ငန်း (၆)ခုမှာ ပထမအကြိမ် လေလံပစ်တာမှာ (၃)ခုတော့ ရောင်းရပြီ။ အခုကျန်တဲ့ လုပ်ငန်း (၃)ခုကို ထပ်ခေါ်ထားတာပါ။ ပထမအကြိမ်မှာ မြို့ဝင်ဘီးကောက်၊ မြို့မဈေးဘီးကောက်နဲ့ မြို့မအပေါင်ဆိုင် လုပ်ငန်းတော့ ဆွဲသွားပြီ”ဟု မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဦးကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဆတ်မြို့ စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင် လုပ်ငန်း (၆)ခုကို သြဂုတ်လ (၂၆)ရက်နေ့က လေလံရောင်းချခဲ့ရာ မြို့မဈေး စက်ဘီး/ဆိုင်ကယ် အပ်နှံလုပ်ငန်းအား လိုင်စင်ကြေး (၅၂.၂)သိန်း၊ မြို့မအပေါင်ဆိုင်လုပ်ငန်းအား လိုင်စင်ကြေး (၄၁.၆)သိန်းနှင့် မြို့ဝင်ဘီးကောက်လုပ်ငန်း လိုင်စင်အား လိုင်စင်ကြေး ကျပ် (၅၀.ဝ)သိန်းဖြင့် လေလံရောင်းချခဲ့ပြီးဖြစ်သည်။

ကျန်ရှိသည့် လုပ်ငန်း(၃)ခုဖြစ်သည့် မြိုမဈေးကောက်လုပ်ငန်းကို ကြမ်းခင်းဈေး ကျပ် (၈၇၂၀၀၀၀)၊ လမ်းဘေးဈေးကောက်လုပ်ငန်းကို ကြမ်းခင်းဈေး ကျပ်(၁၃၉၀၀၀၀)နှင့် မြို့သစ်ဈေးကောက် လုပ်ငန်းလိုင်စင်ကို ကြမ်းခင်းဈေး ကျပ် (၇၉၀၀၀၀)ဖြင့် ဒုတိယအကြိမ် ပြန်လည်စိစစ်ရောင်းချမည်ဖြစ်သည်။

မိုင်းဆတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၉ - ၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အတွက် အသားထုတ်လုပ်ရောင်းချခွင့်လုပ်ငန်း လိုင်စင် (၅)ခုကိုလည်း သြဂုတ်လ (၂၃)ရက်နေ့တွင် လုပ်ငန်းရှင် (၈)ဦးထံ လုပ်ကိုင်ခွင့်ချထားပေးပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net