မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၃)ဦး ထပ်တိုး

 မိုင်းဆတ်မြို့တွင် Covid-19 ကူးစက်ခံရသူ (၃)ဦး ထပ်တိုး
ဇူလိုင် 29, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့တွင် ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းအထိ စစ်ဆေးချက်အရ Coivd-19 ကူးစက်ခံထားရသူ (၃)ဦး ထပ်တိုးတွေ့ရှိရကြောင်း သိရသည်။

ဇူလိုင်လ(၂၆)ရက်နေ့က Covid-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရသည့် အသက်(၁၁)လအရွယ် ကလေးငယ်နှင့် ထိတွေ့မိသူ မိခင်ဖြစ်သူ နှင့် ဖခင်ဖြစ်သူ အပါအဝင် ကလေးငယ်၏ အစ်ကိုဖြစ်သူ အသက်(၆)နှစ်အရွယ်တို့တွင် Covid-19 တွေ့ရှိရခြင်း ဖြစ်ကြောင်း RDT Test Kit ဖြင့် စစ်ဆေးချက်အရ သိရသည်။

မိုင်းဆတ်မြို့၏ Covid-19 တတိယလှိုင်းအတွင်း ယနေ့ ဇူလိုင်လ(၂၉)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ အနည်းဆုံး (၂၅)ဦးအထိ ရှိနေပြီး  စစ်တပ်အတွင်းမှ ပိုးတွေ့သော်လည်း သတင်းထိန်ချန်ထားသည့်အတွက် တိကျသည့် အရေအတွက်များကိုတော့ ပြည်သူများ သိခွင့်မရကြောင်း ဒေသခံများထံက သိရသည်။