တာချီလိတ်မြို့မှ စောင့်ကြည့်သံသယ လူနာထဲက အသက်(၆၃)နှစ်အရွယ် နှင့် အသက်(၁၂)အရွယ် ကလေးငယ်တို့မှာ ဓါတ်ခွဲအဖြေအရ COVID-19 ပိုးမတွေ့ရ

တာချီလိတ်မြို့မှ စောင့်ကြည့်သံသယ လူနာထဲက အသက်(၆၃)နှစ်အရွယ် နှင့် အသက်(၁၂)အရွယ် ကလေးငယ်တို့မှာ ဓါတ်ခွဲအဖြေအရ COVID-19 ပိုးမတွေ့ရ
ဧပြီ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ စောင့်ကြည့်သံသယ လူနာထဲက အသက်(၆၃)နှစ်အရွယ် နှင့် အသက်(၁၂)အရွယ် ကလေးငယ်တို့မှာ ဓါတ်ခွဲအဖြေအရ COVID-19 ပိုးမတွေ့ရ

တာချီလိတ်မှ စောင့်ကြည်သံသယလူနာအဖြစ် ဓါတ်ခွဲပေးပို့ထားသည့် အမျိုးသမီးတစ်ဦး နှင့် ကလေးငယ်တစ်ဦးတို့မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၏ ဓါတ်ခွဲစစ်ဆေးချက်အရ COVID-19 ကူးစက်ခံရမှု မရှိကြောင်း တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးထံက သိရသည်။

နှစ်ယောက်လုံး Negative ပါ၊ သူတို့ကို Negative အခန်းထဲ ပြန်ရွှေ့ပေးရမယ်၊ ရွှေ့ပြီးတော့မှ (၄၈)နာရီထားလို့  ကောင်းသွားရင် ပေးပြန်လို့ရပြီ၊ ပေးပြန်ပြီးရင် ဆေးရုံဆင်းတာကနေစပြီး (၂၈)ရက် ပြည့်အောင် အိမ်မှာ သီးခြားနေခိုင်းရမှာ

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၆)ရက်နေ့တွင် ပြောသည်။

အသက်(၆၃)နှစ်အရွယ် အမျိုးသမီး နှင့် အသက်(၁၂)နှစ်အရွယ် ကလေးငယ်တို့အား တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင်  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့က COVID 19 စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်ကာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးထားရှိရာ ဓါတ်ခွဲအဖြေအား ဧပြီလ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

တာချီလိတ်အနေဖြင့် လက်ရှိတွင် Home Quarantine ထားရှိသည့် (၃)ဦး၏ ဓါတ်ခွဲနမူနာကိုလည်း အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ထားရှိသည့်အတွက် အဆိုပါ (၃)ဦး၏ အဖြေသည် ဧပြီလ(၁၇)ရက်နေ့ သို့မဟုတ် (၁၈)ရက်နေ့တွင် ထွက်ရှိလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ၂၀၂၀ခုနှစ် ဧပြီလ(၁၆)ရက်နေ့ နံနက်(၃)နာရီအထိ ဓါတ်ခွဲပြီးသည့် စာရင်းအဖြေအရ COVID-19 ကူးစက်ခံရသူ (၈၅)ဦးအထိရှိနေပြီး သေဆုံးသူ (၄)ဦးရှိကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~