တာချီလိတ်တွင် သဘာဝဘေးအန္တရာယ်ကြုံပါက အခြေခံစားသောက်ကုန် အရေးပေါ် ထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၃၀၀၀)စာ ပြင်ဆင်ထား

တာချီလိတ်တွင် သဘာဝဘေးအန္တရာယ်ကြုံပါက အခြေခံစားသောက်ကုန် အရေးပေါ် ထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၃၀၀၀)စာ ပြင်ဆင်ထား
ဇွန် 18, 2020
By Tachileik News Agency
တာချီလိတ်တွင် သဘာဝဘေးအန္တရာယ်ကြုံပါက အခြေခံစားသောက်ကုန် အရေးပေါ် ထောက်ပံ့နိုင်ရန်  အိမ်ထောင်စု (၃၀၀၀)စာ ပြင်ဆင်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း မိုးဦးကာလတွင် ရေကြီးရေလျှံ အပါအဝင် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အခြေခံစားသောက်ကုန် အရေးပေါ် ထောက်ပံ့နိုင်ရန် အိမ်ထောင်စု (၃,၀၀၀)စာ ကြိုတင်စုဆောင်းထားရှိကြောင်း သိရသည်။

သဘာဝဘေးနဲ့ ကြုံလာရင် ထောက်ပံ့ပေးနိုင်အောင်လို့ ရိက္ခာ (၄) မျိုးကို စုထားတယ်။ နောက်ပိုင်းမှာ COVID ပဲဖြစ်ဖြစ်။ သဘာဝဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် ထောက်ပံ့နိုင်ဖို့ စီစဉ်ထားတယ်

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇွန်လ(၁၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များက COVID 19 ကာလအတွင်း အခက်အခဲရှိသည့် အိမ်ထောင်စုများအား အစိုးရကိုယ်စားထောက်ပံ့နိုင်ရန် စုဆောင်းထားသည့်  အခြေခံစားကုန် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီ (၅) မျိုးအနက် ရေရှည်ထားရန် ခက်ခဲသည့် ကြက်သွန်နီမှအပ ကျန်စားကုန် (၄)မျိုးအား အိမ်ထောင်စု (၃,၀၀၀)စာ စုဆောင်းထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် အလှူရှင်များအဖွဲ့က COVID 19 ကာလအတွင်း အခက်အခဲရှိသည့် အိမ်ထောင်စုပေါင်း (၅,၀၀၀)ကျော်အား အခြေခံစားသောက်ကုန် (၅)မျိုး ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~