ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်း

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်း
ဇန်နဝါရီ 7, 2020
By Tachileik News Agency

ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅)ဦးကို တာချီလိတ်သို့ လာရောက်လွှဲပြောင်း

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၅)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၂)တွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၇)ရက်နေ့ နံနက် (၁၀)နာရီအချိန်က ထိုင်းနိုင်ငံမှ တာဝန်ရှိသူများမှ လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၂)ဦး စုစုပေါင်း (၅)ဦးအနက် (၂)ဦးမှာ ထိုင်းနိုင်ငံတွင်း တရားမဝင် သွားရောက်ခြင်းနှင့် ကျန် (၃)ဦးမှာ နေထိုင်ခွင့်ထက် ကျော်လွန်နေထိုင်ခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ကြရခြင်းဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်ပို့ခံရသူများတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၂)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦးနှင့် မန္တလေးတိုင်းဒေသကြီးမှ (၁)ဦးတို့ ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများကို ထိုင်းလဝကအရာရှိ Sutee Pannaja ဦးစီးအဖွဲ့က လာရောက်လွှဲပြောင်းပေးရာ  မြန်မာဘက်မှ လဝကမှူး ဦးစောထွန်းဖြူဦးစီးသည့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC တို့က စိစစ်လက်ခံကြသည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~