ထိုင္းႏိုင္ငံ႐ွိ ကရင္နီဒုကၡသည္စခန္းမွ မိမိတို႔ဆႏၵအေလ်ာက္ေနရပ္ျပန္လုိသူ (၅၉)ဦးကို ျမန္မာဘက္သို႔ လႊဲေျပာင္း

ထိုင္းႏိုင္ငံ႐ွိ ကရင္နီဒုကၡသည္စခန္းမွ မိမိတို႔ဆႏၵအေလ်ာက္ေနရပ္ျပန္လုိသူ (၅၉)ဦးကို ျမန္မာဘက္သို႔ လႊဲေျပာင္း
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ ဘန္မႏြဳိင္ဆြဳိင္း႐ွိ ကရင္နီဒုကၡသည္စခန္းအမွတ္(၁)မွ (၅၉)ဦးမွာ မိမိေနရပ္သုိ႔ ဆႏၵအေလ်ာက္ ျပန္လိုသျဖင့္ ထိုင္းႏိုင္ငံတာဝန္ရိွသူမ်ားက ၂၀၁၉ ခုနွစ္၊ ေဖေဖာ္ဝါရီလ (၂၁ ) ရက္ေန႔ ေန႔လယ္ပိုင္းတြင္ မယ္စဲ့ၿမိဳ႕နယ္ BP13 နယ္စပ္ဂိတ္သို႔ လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံတာဝန္ရွိသူမ်ား၊ ထုိင္းႏုိင္ငံဆုိင္ရာ ျမန္မာေကာင္စစ္ဝန္ခ်ဳပ္ ဦးသိန္းတင္ႏွင့္အဖြဲ႕တုိ႔ လာေရာက္ လႊဲေျပာင္းေပးသည့္ ေနရပ္ျပန္လာသည့္ အိမ္ေထာင္စု (၁၅)စုတြင္ လြဳိင္ေကာ္ၿမိဳ႕နယ္မွ (၁၇)ဦး၊ ဒီးေမာ့ဆုိၿမိဳ႕နယ္မွ (၂၄) ဦး၊ ဖရူဆုိၿမိဳ႕နယ္မွ (၇) ဦး၊ ရွားေတာၿမိဳ႕နယ္မွ (၆) ဦး၊ ဖားေဆာင္းၿမိဳ႕နယ္မွ (၅) ဦး စုစုေပါင္း (၅၉) ဦးပါဝင္ၿပီး ကယားျပည္နယ္အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ဦးေဆာင္၍ လက္ခံခဲ့ေၾကာင္း သိရသည္။

ေနရပ္ျပန္လာသူမ်ား သက္ဆုိင္ရာေဒသအသီးသီးသို႔ ျပန္ႏုိင္ေရးအတြက္ ျပည္နယ္အစိုးရႏွင့္ သက္ဆုိင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔က စီစဥ္ေပးၿပီး ေနာက္ဆက္တြဲအျဖစ္ မွတ္ပုံတင္ရ႐ွိေရး ၊ က်န္းမာေရး၊ ပညာေရး ၊ အသက္ေမြး ဝမ္းေၾကာင္း ပညာရပ္မ်ားအတြက္ ဆက္လက္လုပ္ေဆာင္ ေပးသြားရန္ စီစဥ္ထားေၾကာင္း မယ္စဲ့ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔ထံမွ သိရသည္။

"ျပည္နယ္အစိုးရက ဦးေဆာင္ၿပီးစီစဥ္ေပးတာေပါ့။ သူတို႔ကို မယ္စဲ့ၿမိဳ႕နယ္ ခန္းမမွာပဲ ႀကိဳဆိုေရးစခန္းဖြင့္ၿပီး က်န္းမာေရး လုပ္ငန္းေတြ ေအိမ္ေထာင္စုစာရင္း ေကာက္တဲ့ လုပ္ငန္းေတြ ပညာေရး နဲ႔ဆိုင္တာေတြ အကုန္အၾကမ္း ေကာက္တာေတြ လုပ္တယ္။ ေနာက္ဆက္တြဲကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ ဆက္လုပ္မွာပါ " ဟု မယ္စဲ့ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမ်ိဳးသန္႔က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေနရပ္ျပန္ျပည္သူမ်ားအား လူ၀င္မႈႀကီးၾကပ္ေရးႏွင့္အမ်ဳိးသား မွတ္ပုံတင္ေရးဆုိင္ရာ ျပည္နယ္ဦးစီးမွဴးရုံးက အိမ္ေထာင္စု စာရင္းစစ္ေဆးျခင္း၊ ျပည္နယ္က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနက က်န္းမာေရး စစ္ေဆးျခင္း၊ ျပည္နယ္ပညာေရး ညႊန္ၾကားေရးမွဴးရံုးက ေက်ာင္းေနအရြယ္မ်ားအား စိစစ္ေပးျခင္း၊ ျပည္နယ္ဖြံ႕ၿဖိဳးမႈ ႀကီးၾကပ္ေရးရုံးႏွင့္ ျပည္နယ္ေက်းလက္ေဒသဖြံ႕ၿဖိဳးတုိးတက္ေရးဦးစီးဌာနတုိ႔က အသက္ေမြးဝမ္းေၾကာင္း သင္တန္းတက္ေရာက္မည့္သူမ်ား စာရင္းေကာက္ခံျခင္း၊ ျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အိမ္ေထာင္စုစာရင္းမ်ား ေကာက္ယူျခင္းမ်ား လုပ္ေဆာင္ထားေၾကာငး္ သိရသည္။

အဆိုပါ ေနရပ္ျပန္မ်ားအား ျပည္နယ္အစုိးရအဖြဲ႕ႏွင့္ ဌာနဆိုင္ရာမ်ား ၊ NGo ၊ INGO အဖြဲ႔အ စည္းမ်ားက စားနပ္ရိကၡာႏွင့္ အိမ္ေထာင္စုသံုးပစၥည္းမ်ား ေထာက္ပံ့ေပးအပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း -  ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ၾဆာခ်စ္ ၊ Myanmar Consulate-General,Chiang Mai



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ဘန်မနွိုင်ဆွိုင်းရှိ ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှ (၅၉)ဦးမှာ မိမိနေရပ်သို့ ဆန္ဒအလျောက် ပြန်လိုသဖြင့် ထိုင်းနိုင်ငံတာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁ ) ရက်နေ့ နေ့လယ်ပိုင်းတွင် မယ်စဲ့မြို့နယ် BP13 နယ်စပ်ဂိတ်သို့ လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသိန်းတင်နှင့်အဖွဲ့တို့ လာရောက် လွှဲပြောင်းပေးသည့် နေရပ်ပြန်လာသည့် အိမ်ထောင်စု (၁၅)စုတွင် လွိုင်ကော်မြို့နယ်မှ (၁၇)ဦး၊ ဒီးမော့ဆိုမြို့နယ်မှ (၂၄) ဦး၊ ဖရူဆိုမြို့နယ်မှ (၇) ဦး၊ ရှားတောမြို့နယ်မှ (၆) ဦး၊ ဖားဆောင်းမြို့နယ်မှ (၅) ဦး စုစုပေါင်း (၅၉) ဦးပါဝင်ပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်၍ လက်ခံခဲ့ကြောင်း သိရသည်။

နေရပ်ပြန်လာသူများ သက်ဆိုင်ရာဒေသအသီးသီးသို့ ပြန်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနတို့က စီစဉ်ပေးပြီး နောက်ဆက်တွဲအဖြစ် မှတ်ပုံတင်ရရှိရေး၊ ကျန်းမာရေး၊ ပညာရေး၊ အသက်မွေး ဝမ်းကြောင်း ပညာရပ်များအတွက် ဆက်လက်လုပ်ဆောင် ပေးသွားရန် စီစဉ်ထားကြောင်း မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ထံမှ သိရသည်။

"ပြည်နယ်အစိုးရက ဦးဆောင်ပြီးစီစဉ်ပေးတာပေါ့။ သူတို့ကို မယ်စဲ့မြို့နယ် ခန်းမမှာပဲ ကြိုဆိုရေးစခန်းဖွင့်ပြီး ကျန်းမာရေး လုပ်ငန်းတွေ အေိမ်ထောင်စုစာရင်း ကောက်တဲ့ လုပ်ငန်းတွေ ပညာရေး နဲ့ဆိုင်တာတွေ အကုန်အကြမ်း ကောက်တာတွေ လုပ်တယ်။ နောက်ဆက်တွဲကို သက်ဆိုင်ရာ မြို့နယ်တွေမှာ ဆက်လုပ်မှာပါ " ဟု မယ်စဲ့မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

နေရပ်ပြန်ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ရေးဆိုင်ရာ ပြည်နယ်ဦးစီးမှူးရုံးက အိမ်ထောင်စု စာရင်းစစ်ဆေးခြင်း၊ ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက ကျန်းမာရေး စစ်ဆေးခြင်း၊ ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးက ကျောင်းနေအရွယ်များအား စိစစ်ပေးခြင်း၊ ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးနှင့် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့က အသက်မွေးဝမ်းကြောင်း သင်တန်းတက်ရောက်မည့်သူများ စာရင်းကောက်ခံခြင်း၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အိမ်ထောင်စုစာရင်းများ ကောက်ယူခြင်းများ လုပ်ဆောင်ထားကြောငး် သိရသည်။

အဆိုပါ နေရပ်ပြန်များအား ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ NGo၊ INGO အဖွဲ့အ စည်းများက စားနပ်ရိက္ခါနှင့် အိမ်ထောင်စုသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - ဆြာချစ်၊ Myanmar Consulate-General,Chiang Mai 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~