ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်တွင်း လက်ရှိမဲရေတွက်ပြီးသည်အထိ မဲဆန္ဒနယ် (၈) နေရာ အနိုင်ရရှိထား

ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်တွင်း လက်ရှိမဲရေတွက်ပြီးသည်အထိ မဲဆန္ဒနယ် (၈) နေရာ အနိုင်ရရှိထား
နိုဝင်ဘာ 9, 2020
By Tachileik News Agency
ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက ကယားပြည်နယ်တွင်း လက်ရှိမဲရေတွက်ပြီးသည်အထိ မဲဆန္ဒနယ် (၈) နေရာ အနိုင်ရရှိထား
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ နေ့လယ်ပိုင်းအထိ ဖားဆောင်းမဲဆန္ဒနယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးမှ ဆန္ဒမဲများ ရေတွက်ပြီးစီးသွားပြီဖြစ်ပြီး ဒေသခံတိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် (၃၄) နေရာအနက် (၈)နေရာကို အနိုင်ရရှိထားသည်။
"လက်ရှိမှာတော့ ကျွန်တော်တို့ပါတီက ဖရူဆိုမြို့နယ် မဲဆန္ဒနယ် (၅) နေရာလုံးမှာ အနိုင်ရပါတယ်။ ရှားတောမှာတော့ (၃) နေရာ နိုင်ထားပါတယ်။ မဲစာရင်းတွေအရတော့ သေချာသလောက်ရှိသွားပါပြီ။ ကျန်တဲ့နေရာတွေကတော့ ရှုံးသွားပါတယ်။" ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လက်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စာလှယ်လည်းဖြစ်သူ ဦးသဲရယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဖားဆောင်းမြို့နယ်မှလွဲ၍ မဲရုံများအလိုက် ရေတွက်ထားပြီးသည့် စာရင်းများအရ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်များက ဖရူဆိုတစ်မြို့နယ်လုံးရှိ မဲဆန္ဒနယ် (၅)ခုနှင့် ရှားတောမြို့နယ်ထဲမှ  ပြည်နယ်လွှတ်တော် အမှတ် (၁) ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် အနိုင်ရထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~