မႏၱေလးသို႔ပို႔မည့္ ပြိဳင့္ ၂၂ က်ည္ ၁၅၀၀ ေတာင့္ကို လိြဳင္ေကာ္ကားဂိတ္တြင္ ဖမ္းမိ

မႏၱေလးသို႔ပို႔မည့္ ပြိဳင့္ ၂၂ က်ည္ ၁၅၀၀ ေတာင့္ကို လိြဳင္ေကာ္ကားဂိတ္တြင္ ဖမ္းမိ
သြဂုတ် 28, 2019
By 🌸
ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕မွ မႏၱေလးသို႔ပို႔မည့္ ပိြဳင့္ ၂၂ က်ည္ (၁၅၀၀)အား သိမ္းဆည္းရမိသျဖင့္ ပစၥည္းပို႔သူ၏ ေနအိမ္အား ဝင္ေရာက္စစ္ေဆးရာ စိတ္ၾကြေဆးျပား (၁၀၀)ေက်ာ္ကိုပါ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕ အေဝးေျပးကားကြင္းရိွ ေ႐ႊရာဇာကားဂိတ္၌ မေကသီျမက မႏၲေလးသို႔ ကားပစၥည္းမ်ား ပို႔မည္ဟုဆိုကာ လိပ္စာမပါေသာ ဆာလာအိတ္တစ္လုံးကို အပ္ႏွံလာသျဖင့္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔ ညေန (၃)နာရီခြဲအခ်ိန္တြင္ ရဲတပ္ဖြဲ႕က လာေရာက္စစ္ေဆးရာ အဆိုပါအိတ္အတြင္းမွ ေမာ္ေတာ္ယာဥ္ကလပ္ဘရိတ္အေဟာင္း (၁) ခု၊ ပဲႏို႔အခ်ိဳရည္ဗူးခြံ (၂၂) ဗူး၊ ပလပ္စတစ္ဗူး (၁) ဗူးတို႔ျဖင့္ ထည့္ထားသည့္  ပြိဳင့္ ၂၂ က်ည္ (၁၅၀၀) ေတာင့္၊ ပဲႏို႔ အခ်ိဳရည္ပါ ဗူးငယ္ (၅) ဗူး၊ ေဖာက္စက္ေဟာင္း (၁) ခု တို့ကို သိမ္းဆည္းရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပစၥည္းလာပို႔သူ၏ေနအိမ္အား ရဲတပ္ဖြဲ႕က ဆက္လက္ရွာေဖြရာ ေနေအာင္ဆိုသည့္ အမ်ိဳးသားတစ္ဦးကို ေတြ႔ရၿပီး ေနအိမ္ရွိ ေမာ္ေတာ္ယာဥ္ေရွ႕ခန္းထိုင္ခုံၾကားမွ WY စိတ္ႂကြေဆးျပား (၁၁၁) ျပားကို သိမ္းဆည္းရမိေၾကာင္း သိရသည္။

ကားဂိတ္သို႔ ပစၥည္းလာပို႔သည့္ ေကသီျမႏွင့္ ေနအိမ္တြင္ မူးယစ္ေဆးႏွင့္အတူ ဖမ္းမိသည့္ ေနေအာင္တို႔အား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၄၂၇/၂၀၁၉၊ လက္နက္ ဥပေဒပုဒ္မ ၁၉(စ)ျဖင့္ လည္းေကာင္း၊ ေနေအာင္အား လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၆/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CCDAC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မန္တလေးသို့ပို့မည့် ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်ကို လွိုင်ကော်ကားဂိတ်တွင် ဖမ်းမိ
****************
ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ မန္တလေးသို့ပို့မည့် ပွိုင့် ၂၂ ကျည် (၁၅၀၀)အား သိမ်းဆည်းရမိသဖြင့် ပစ္စည်းပို့သူ၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြား (၁၀၀)ကျော်ကိုပါ ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

လွိုင်ကော်မြို့ အဝေးပြေးကားကွင်းရှိ ရွှေရာဇာကားဂိတ်၌ မကေသီမြက မန္တလေးသို့ ကားပစ္စည်းများ ပို့မည်ဟုဆိုကာ လိပ်စာမပါသော ဆာလာအိတ်တစ်လုံးကို အပ်နှံလာသဖြင့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့ ညနေ (၃)နာရီခွဲအချိန်တွင် ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာ အဆိုပါအိတ်အတွင်းမှ မော်တော်ယာဉ်ကလပ်ဘရိတ်အဟောင်း (၁) ခု၊ ပဲနို့အချိုရည်ဗူးခွံ (၂၂) ဗူး၊ ပလပ်စတစ်ဗူး (၁) ဗူးတို့ဖြင့် ထည့်ထားသည့်  ပွိုင့် ၂၂ ကျည် (၁၅၀၀) တောင့်၊ ပဲနို့ အချိုရည်ပါ ဗူးငယ် (၅) ဗူး၊ ဖောက်စက်ဟောင်း (၁) ခု တို့ကို သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းလာပို့သူ၏နေအိမ်အား ရဲတပ်ဖွဲ့က ဆက်လက်ရှာဖွေရာ နေအောင်ဆိုသည့် အမျိုးသားတစ်ဦးကို တွေ့ရပြီး နေအိမ်ရှိ မော်တော်ယာဉ်ရှေ့ခန်းထိုင်ခုံကြားမှ WY စိတ်ကြွဆေးပြား (၁၁၁) ပြားကို သိမ်းဆည်းရမိကြောင်း သိရသည်။

ကားဂိတ်သို့ ပစ္စည်းလာပို့သည့် ကေသီမြနှင့် နေအိမ်တွင် မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် နေအောင်တို့အား လွိုင်ကော်မြို့မရဲစခန်းတွင် (ပ)၄၂၇/၂၀၁၉၊ လက်နက် ဥပဒေပုဒ်မ ၁၉(စ)ဖြင့် လည်းကောင်း၊ နေအောင်အား လွိုင်ကော်မြို့မရဲစခန်းတွင် မယ(ပ)၄၆/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - CCDAC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net