ကရင်နီပြည်နယ်အတွင်း လွိုင်လင်လေးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို KNDF နှင့် KSP တို့က ဖမ်းဆီး ရမိ

Photo: KNDF B14
Photo: KNDF B14
ကရင်နီပြည်နယ်အတွင်း လွိုင်လင်လေးမြို့တွင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲနေသူများကို KNDF နှင့် KSP တို့က ဖမ်းဆီး ရမိ
ဧပြီ 22, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်လင်လေးမြို့၊ ပိန်းချစ်ကျေးရွာတွင် မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်လုပ်နေသူ (၁၀)ဦးကို ဧပြီလ (၂၁)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း KNDF B 14 က ယနေ့ဧပြီ လ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

၎င်း(၁၀)ဦးကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၁၄) နှင့် ကရင်နီပြည်သူ့ရဲဌာန ( Karenni State Police - KSP )တို့မှ သွားရောက် ဖမ်းဆီး‌‌ခဲ့ခြင်းဖြစ်ပြီး WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂၃၁) ပြားပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့နောက် တရားခံ(၁၀)ဦးနှင့် သက်သေခံပစ္စည်းတိုအား KSP တာဝန်မှူးထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNDF B14