လွိုင်ကော် သစ်လုံးကွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်ဘက်မှ ဗိုလ်ကြီး (၂)ဦးအပါအဝင် သေဆုံးများပြား

Photo: KNDF B03
Photo: KNDF B03
လွိုင်ကော် သစ်လုံးကွင်း တိုက်ခိုက်မှုတွင် အာဏာသိမ်းတပ်ဘက်မှ ဗိုလ်ကြီး (၂)ဦးအပါအဝင် သေဆုံးများပြား
ဇန်နဝါရီ 6, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တောင်ဘက် ကယန်းသာယာကျေးရွာအနီး သစ်လုံးကွင်းတွင် ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၆) ရက်နေ့ နံနက်အစောပိုင်းက PDF (၃)ဖွဲ့ပူးပေါင်း တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်များပြားပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ 

"ယနေ့ 6.1.2022 မနက် ကယန်းသာယာကျေးရွာအနီ သစ်လုံးကွင်းမှာ KNDF B02/B03/ အရှေ့ဘက်ကမ်း PDF သုံးဖွဲ့ပေါင်း စစ်‌ဆင်ရေးတွင် စခ ဗိုလ်ကြီး နှစ်ဦးနှင့် စစ်ကောင်စီ တပ်သား ၁၅ ယောက် သေ ဒဏ်ရာရသူများ အများအပြားရှိ"ဟု KNDF B 03 က သတင်းထုတ်ပြန်ထားသည်။

ယနေ့ နံနက် (၄)နာရီ (၄၅)မိနစ်အချိန်တွင် သစ်လုံးကွင်းရှိ အာဏာသိမ်းစစ်တပ်နှင့် KNDF B02၊ KNDF B03၊ အရှေ့ဘက်ကမ်း PDF (၃)ဖွဲ့ပေါင်းတို့ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။