လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေသူ (၃)ဦးအနက် (၂)ဦး၏ ရုပ်အလောင်းကို ရှာတွေ့ 

ဘီလူးချောင်းအတွင်း ရှာဖွေနေစဉ် - Photo: KPKF
ဘီလူးချောင်းအတွင်း ရှာဖွေနေစဉ် - Photo: KPKF
လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ရေနစ်ပျောက်ဆုံးနေသူ (၃)ဦးအနက် (၂)ဦး၏ ရုပ်အလောင်းကို ရှာတွေ့ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်းအတွင်း ရေကူးပြိုင်ဆော့၍ ရေနစ်ပျောက်ဆုံးနေသော  လူငယ်မှာ (၂)ဦးမဟုတ်ဘဲ (၃)ဦးဖြစ်နေပြီး လတ်တလောတွင် (၂)ဦး၏ ရုပ်အလောင်းအား မေလ ၂၀ ရက်နေ့ (၁၁)နာရီအချိန်ခန့်တွင် ရှာဖွေဆယ်တွေ့ရှိပြီး ကျန်(၁)ဦးအား ဆက်လက်ရှာဖွေနေကြောင်းသိရသည်။ 

မနေ့က ရေနစ်သွားတာ နှစ်ယောက်ပဲလို့ ထင်ခဲ့တာ။ ထေးသမက နှစ်ယောက် ပကြဲကတစ်ယောက် ဖြစ်နေတယ်။ ထေးသမက (၂) ယောက်ထဲက တစ်ယောက်က စိတ်ကောက်ပြီး အိမ်ကနေ ဆင်းသွားတာ ရေနစ်တဲ့ထဲ ပါမှန်း မသိလိုက်ဘူး ။ အလောင်းတွေ့မှ သူပါမှန်းသိရတာ။ ခု လွိုင်ကော်ဆေးရုံကြီး ရင်ခွဲရုံမှာ ပို့ထားတယ်။ တစ်ယောက်ကို ဆက်ရှာနေတယ်။

ဟု သေဆုံးသူမိသားစုနှင့် နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ရေနစ်ပျောက်ဆုံးနေသူများဖြစ်သည့် လွိုင်ကော်မြို့ နယ် ထေးသမရပ်ကွက်မှ တူရယ် နှင့် ဘော်ရယ် တို့၏ ရုပ်အလောင်းများကို ဆယ်ယူထားပြီ ဖြစ်ပြီး သုံးမိုင်ပကြဲ ကျေးရွာတွင်နေသူ (၁)၏ ရုပ်အလောင်းကိုဆက်လက်ရှာဖွေးနေဆဲ ဖြစ်ကြောင်းသိရသည်။

၂၀၂၁ခုနှစ် မေလ (၁၉)ရက်နေ့ ညနေ (၃) နာရီအချိန်ဝန်းကျင်က လွိုင်ကော်မြို့ ၊ နမ့်ကွက်ရပ်ကွက် ဘီလူးချောင်း၏ ရေစီးကွေ့အနီး မြက်ခင်းတွင် လူငယ်(၁၂)ဦးခန့်မှ မွေးနေ့ပွဲလုပ်၍ ဘီလူးချောင်းအတွင်းရေချောင်း၏ တစ်ဖက်ကမ်းသို့  ရေကူးပြိုင်ဆော့ကြရာမှ လူငယ် (၃)ဦး ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။ 

မေလ(၁၉)ရက်နေ့ ရေနစ်ပျောက်ဆုံးချိန်တွင် ထေးသမရပ်ကွက်မှ လူငယ်(၁)ဦးနှင့် သုံးမိုင်ပကြဲ ကျေးရွာမှ (၁)ဦးတို့သာ ရေနစ်ပျောက်ဆုံးနေကြောင်း သိခဲ့ရသော်လည်း ယနေ့မေလ ၂၀ ရက်နေ့တွင် ဆက်လက်ရှာဖွေပြီး ရုပ်အလောင်း ဆယ်ယူမှသာ ထေးသမရပ်ကွက်မှ နေအိမ်နှင့်စိတ်ဆိုး၍ အိမ်မှ ဆင်းသွားသူ လူငယ်၏ ရုပ်အလောင်းကိုပါမိသားစုမှတွေ့ ​ရှိခဲ့ရခြင်းဖြစ်ကြောင်း ​သိရသည်။

#TachileikNewsAgency

Photo: PKPF