တာခ်ီလိတ္ၿမိဳ႕တြင္ တစ္လေက်ာ္ၾကာဖြင့္လွစ္မည့္ ရပ္ရြာအေျချပဳမူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းသို႔ အစားအေသာက္လွဴဒါန္းႏိုင္

တာခ်ီလိတ္ၿမိဳ႕တြင္ တစ္လေက်ာ္ၾကာဖြင့္လွစ္မည့္ ရပ္ရြာအေျချပဳမူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရးသင္တန္းသို႔ အစားအေသာက္လွဴဒါန္းႏိုင္
နိုဝင်ဘာ 12, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၌ ျပန္လည္ထူေထာင္ေရးဦးစီးဌာနက ဖြင့္လွစ္သည့္ (၃၅)ရက္တာ  ရပ္ရြာအေျချပဳ မူးယစ္ေဆးျဖတ္ကုသေရးႏွင့္ ျပန္လည္ထူေထာင္ေရး သင္တန္းတြင္ သင္တန္းသားမ်ားအတြက္ ဌာနကသတ္မွတ္စားစရိတ္ေထာက္ပံ့ေသာ္လည္း ေဒသတြင္း ေငြလဲေစ်းႏႈန္းေၾကာင့္ အခက္အခဲရိွေနေၾကာင္း သိရသည္။

"ဒီသင္တန္းအတြက္ ႏိုင္ငံေတာ္ဘတ္ဂ်တ္ကေနၿပီးေတာ့ သင္တန္းသားတစ္ဦးကို တစ္ရက္စာ စားစရိတ္ အတြက္ က်ပ္တစ္ေထာင္ႏႈန္း ေထာက္ပံ့ပါတယ္။ ဒီမွာက ဘတ္ေငြပဲသုံးတာျဖစ္တဲ့အတြက္ ဒါကို ဘတ္ေငြ လဲလိုက္ၿပီဆိုရင္ ဘယ္ေလာက္မွ မရဘူး။ ဒီေတာ့ စားေသာက္ေရးအပိုင္းမွာ အဆင္မေျပတာေလးေတြေတာ့ ရိွတာေပါ့။ ဒါေၾကာင့္ ေစတနာရွင္ေတြက လာလွဴခ်င္တယ္ဆိုရင္လည္း လွဴဒါန္းႏိုင္ပါတယ္"ဟု  တာခ်ီလိတ္ၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရးဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးႏိုင္စိုးျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သင္တန္းသား (၃၀)ဦးတက္ေရာက္ေနသည့္ အဆိုပါ သင္တန္းတြင္ ကုသေရးဦးစီးဌာနက ကၽြမ္းက်င္ ဆရာဝန္မ်ားျဖင့္ ေဆးျဖတ္ကုသေပးမည္ျဖစ္ၿပီး၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၁၂)ရက္ေန႔မွ ဒီဇင္ဘာလ (၁၆) ရက္ေန႔အထိ မိုင္းကိုးေက်းရြာအုပ္စု၊ ဟိုရမ္းေက်းရြာရွိ ျပည္သူ႔စစ္စခန္းတြင္ ဖြင့္လွစ္ထားျခင္းျဖစ္သည္။

“လက္ရိွမွာ သူတို႔အတြက္ ေရသန္႔ကေတာ့ မဇၨ်ိမက တာဝန္ယူလွဴဒါန္းထားတဲ့အတြက္ လံုေလာက္ပါတယ္။ စားစရိတ္အတြက္မွာေတာ့ ဟင္းခ်က္စရာေတြ လွဴေပးႏုိင္ရင္ သူတို႔အတြက္ အဆင္ေျပပါလိမ့္မယ္။ သင္တန္းမွာ ကိုယ္တိုင္ကိုယ္က်သြားၿပီး ဟင္းခ်က္စရာေတြ လွဴႏုိင္သလို၊ ဟင္းခ်က္စရာအတြက္ အလွဴေငြ သြားလွဴရင္လည္း ရပါတယ္”ဟု အဆိုပါသင္တန္းဖြင့္လွစ္ေရးအတြက္ ကူညီေဆာင္ရြက္ေပးေနသည့္ မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက ေျပာသည္။

အဆိုပါ မူးယစ္ေဆးျဖတ္ျပန္လည္ထူေထာင္ေရးသင္တန္းတြင္ တက္ေရာက္ေနသူမ်ားမွာ တာခ်ီလိတ္ၿမိဳ႕မွ အမ်ားဆုံးျဖစ္ၿပီး က်ိဳင္းတုံ၊ မိုင္းျဖတ္၊ တန္႔ယန္းႏွင့္ ရန္ကုန္တို႔မွ လာေရာက္ ေဆးျဖတ္သူမ်ားပါဝင္ၿပီး အသက္ (၂၀)ႏွစ္မွ (၅၂)ႏွစ္အတြင္းရိွေၾကာင္း သိရသည္။

"ဒီသင္တန္းမွာက ေဆးျဖတ္ကုသေရးအပိုင္းမွာ ကုသေရးဌာနက တာဝန္ယူသြားမွာျဖစ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ကေတာ့ ျပန္လည္ထူေထာင္ေရးအပိုင္းကို စာေတြ႕ေရာ၊ လက္ေတြ႕ေရာ သင္ၾကားေပးသြားမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူတို႔ဘဝေတြ ျပန္လည္ရပ္တည္ႏိုင္ဖို႔အတြက္ အသက္ေမြးဝမ္းေၾကာင္းပညာရပ္အျဖစ္ ဘေလာက္အုတ္လုပ္တဲ့ပညာရပ္ကိုလည္း ထည့္သြင္းသင္ၾကားေပးသြားမွာ ျဖစ္ပါတယ္" ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရးဦးစီးဌာနမွ ဒုဦးစီးမွဴး ဦးႏိုင္စိုးျမင့္က ေျပာသည္။

အဆိုပါသင္တန္းဖြင့္သည့္ေနရာတြင္ သင္တန္းသား(၃၀)ဦးအတြက္ အိမ္သာတစ္လုံးသာရိွသျဖင့္ အခက္အခဲရိွေနေၾကာင္းလည္း သိရသည္။

ရပ္ရြာအေျချပဳသင္တန္းမ်ား ျပဳလုပ္ရျခင္း ရည္ရြယ္ခ်က္မ်ားတြင္ ရပ္ရြာေဒသတြင္း မူးယစ္ေဆးစြဲသူမ်ားကို ေဖၚထုတ္၍ ေဆးျဖတ္ကုသခံယူႏုိင္ေရး အတြက္ ကူညီေဆာင္ရြက္ေပးရန္လည္း ပါဝင္ေၾကာင္းသိရၿပီး ယေန႕ ျပဳလုပ္သည့္ ဖြင့္ပြဲတြင္လည္း စားေသာက္ကုန္ပစၥည္း လွဴဒါန္းသူမ်ား၊ သင္တန္းသားမ်ားအား အခမဲ့ ဆံပင္ညႇပ္ေပးျခင္းမ်ားကို ျပဳလုပ္ေပးၾကေၾကာင္း သိရသည္။

သတင္း #ဇြဲျမတ္
ဓါတ္ပံု - UTS

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့တွင် တစ်လကျော်ကြာဖွင့်လှစ်မည့် ရပ်ရွာအခြေပြုမူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းသို့ အစားအသောက်လှူဒါန်းနိုင်
****************
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၌ ပြန်လည်ထူထောင်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် (၃၅)ရက်တာ  ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းတွင် သင်တန်းသားများအတွက် ဌာနကသတ်မှတ်စားစရိတ်ထောက်ပံ့သော်လည်း ဒေသတွင်း ငွေလဲဈေးနှုန်းကြောင့် အခက်အခဲရှိနေကြောင်း သိရသည်။

"ဒီသင်တန်းအတွက် နိုင်ငံတော်ဘတ်ဂျတ်ကနေပြီးတော့ သင်တန်းသားတစ်ဦးကို တစ်ရက်စာ စားစရိတ် အတွက် ကျပ်တစ်ထောင်နှုန်း ထောက်ပံ့ပါတယ်။ ဒီမှာက ဘတ်ငွေပဲသုံးတာဖြစ်တဲ့အတွက် ဒါကို ဘတ်ငွေ လဲလိုက်ပြီဆိုရင် ဘယ်လောက်မှ မရဘူး။ ဒီတော့ စားသောက်ရေးအပိုင်းမှာ အဆင်မပြေတာလေးတွေတော့ ရှိတာပေါ့။ ဒါကြောင့် စေတနာရှင်တွေက လာလှူချင်တယ်ဆိုရင်လည်း လှူဒါန်းနိုင်ပါတယ်"ဟု  တာချီလိတ်မြို့နယ် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနိုင်စိုးမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းသား (၃၀)ဦးတက်ရောက်နေသည့် အဆိုပါ သင်တန်းတွင် ကုသရေးဦးစီးဌာနက ကျွမ်းကျင် ဆရာဝန်များဖြင့် ဆေးဖြတ်ကုသပေးမည်ဖြစ်ပြီး၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂)ရက်နေ့မှ ဒီဇင်ဘာလ (၁၆) ရက်နေ့အထိ မိုင်းကိုးကျေးရွာအုပ်စု၊ ဟိုရမ်းကျေးရွာရှိ ပြည်သူ့စစ်စခန်းတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

“လက်ရှိမှာ သူတို့အတွက် ရေသန့်ကတော့ မဇ္ဇျိမက တာဝန်ယူလှူဒါန်းထားတဲ့အတွက် လုံလောက်ပါတယ်။ စားစရိတ်အတွက်မှာတော့ ဟင်းချက်စရာတွေ လှူပေးနိုင်ရင် သူတို့အတွက် အဆင်ပြေပါလိမ့်မယ်။ သင်တန်းမှာ ကိုယ်တိုင်ကိုယ်ကျသွားပြီး ဟင်းချက်စရာတွေ လှူနိုင်သလို၊ ဟင်းချက်စရာအတွက် အလှူငွေ သွားလှူရင်လည်း ရပါတယ်”ဟု အဆိုပါသင်တန်းဖွင့်လှစ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက ပြောသည်။

အဆိုပါ မူးယစ်ဆေးဖြတ်ပြန်လည်ထူထောင်ရေးသင်တန်းတွင် တက်ရောက်နေသူများမှာ တာချီလိတ်မြို့မှ အများဆုံးဖြစ်ပြီး ကျိုင်းတုံ၊ မိုင်းဖြတ်၊ တန့်ယန်းနှင့် ရန်ကုန်တို့မှ လာရောက် ဆေးဖြတ်သူများပါဝင်ပြီး အသက် (၂၀)နှစ်မှ (၅၂)နှစ်အတွင်းရှိကြောင်း သိရသည်။

"ဒီသင်တန်းမှာက ဆေးဖြတ်ကုသရေးအပိုင်းမှာ ကုသရေးဌာနက တာဝန်ယူသွားမှာဖြစ်ပြီးတော့ ကျွန်တော်တို့ကတော့ ပြန်လည်ထူထောင်ရေးအပိုင်းကို စာတွေ့ရော၊ လက်တွေ့ရော သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဘဝတွေ ပြန်လည်ရပ်တည်နိုင်ဖို့အတွက် အသက်မွေးဝမ်းကြောင်းပညာရပ်အဖြစ် ဘလောက်အုတ်လုပ်တဲ့ပညာရပ်ကိုလည်း ထည့်သွင်းသင်ကြားပေးသွားမှာ ဖြစ်ပါတယ်" ဟု တာချီလိတ်မြို့နယ် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးနိုင်စိုးမြင့်က ပြောသည်။

အဆိုပါသင်တန်းဖွင့်သည့်နေရာတွင် သင်တန်းသား(၃၀)ဦးအတွက် အိမ်သာတစ်လုံးသာရှိသဖြင့် အခက်အခဲရှိနေကြောင်းလည်း သိရသည်။

ရပ်ရွာအခြေပြုသင်တန်းများ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များတွင် ရပ်ရွာဒေသတွင်း မူးယစ်ဆေးစွဲသူများကို ဖေါ်ထုတ်၍ ဆေးဖြတ်ကုသခံယူနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးရန်လည်း ပါဝင်ကြောင်းသိရပြီး ယနေ့ ပြုလုပ်သည့် ဖွင့်ပွဲတွင်လည်း စားသောက်ကုန်ပစ္စည်း လှူဒါန်းသူများ၊ သင်တန်းသားများအား အခမဲ့ ဆံပင်ညှပ်ပေးခြင်းများကို ပြုလုပ်ပေးကြကြောင်း သိရသည်။

သတင်း #ဇွဲမြတ်
ဓါတ်ပုံ - UTS

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~