မြန်မာ - ထိုင်းနယ်စပ်ကနေ ဖြတ်ကျော်လာသည့် မူးယစ်ဆေးသယ်အဖွဲ့ နှင့် ထိုင်းစစ်တပ်သားများ  မယ့်ဖားလုံဒေသအတွင်း ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး (၄)သန်း နှင့် (၈)ဦး အသေမိ

Photo:  Worrawit Penpho
Photo: Worrawit Penpho
 မြန်မာ - ထိုင်းနယ်စပ်ကနေ ဖြတ်ကျော်လာသည့် မူးယစ်ဆေးသယ်အဖွဲ့ နှင့် ထိုင်းစစ်တပ်သားများ  မယ့်ဖားလုံဒေသအတွင်း ပစ်ခတ်မှုဖြစ်ပြီး စိတ်ကြွဆေး (၄)သန်း နှင့် (၈)ဦး အသေမိ

 ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်  မယ့်ဖားလုံဧရိယာအတွင်း နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးသယ်လာသူများနှင့် နယ်စပ်ကင်းလှည့်တပ်ဖွဲ့တို့ကြား ပစ်ခတ်မှုတွင် မူးယစ်ဆေးသယ်သူ (၈)ဦး သေဆုံးပြီး စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းခွဲကို သိမ်းဆည်းရမိကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ကို ကင်းလှည့်နေသည့်အဖွဲ့က ၂၀၂၂ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ နံနက် (၁)နာရီခွဲဝန်းကျင်တွင် နယ်စပ်မှ (၃)မိုင်ကျော်အကွာတွင် အထုပ်အပိုးများသယ်လာသည့် အမျိုးသား (၁၀)ဦးကို တွေ့ရသဖြင့် စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ပစ္စည်းသယ်သည့်အဖွဲ့က စတင်ပစ်ခတ်သည်ဟု သိရသည်။

 

ပစ်ခတ်ရင်းထွက်ပြေးသည့်အဖွဲ့ကို နယ်စပ်ကင်းလှည့်အဖွဲ့က ပြန်လည်ပစ်ခတ်ရာ (၁၀)မိနစ်ဝန်းကျင်ကြာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားသည်ဟု သိရသည်။

ယင်းနောက် ပစ်ခတ်မှုဖြစ်ပွားရာနေရာတွင် သေဆုံးနေသည့် အမျိုးသား (၈)ဦးအလောင်းကို တွေ့ရပြီး အိတ်အလုံးရေ (၄၅)အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၄)သန်းခွဲကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။

 

သေဆုံးသူများထံမှ မည်သည့် အထောက်အထားမှ မတွေ့ရသဖြင့် မည်သည့်အဖွဲ့မှဖြစ်သည်ကို အတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း နယ်စပ်ကိုဖြတ်သန်းလာကြသူများဖြစ်သည်ဟု ယူဆထားကြပြီး ဆက်လက်စုံစမ်းနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo: chiangraireport