Page Nav

HIDE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

မိုင်းကိုင်မြို့နယ် အတွင်းရှိ ကျေးရွာ(၃)ခုတွင် ကျေးလက်ကျန်းမာရေးဌာနများ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပေးမည်

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံ၊ လုတ်ကန်းနှင့် စုံလော ကျေးရွာများတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွင်းေ...


ဝမ်ဟွေလုံကျေးရွာ အနေဖြင့် အနီးဆုံး မိုင်းကိုင်ဆေးရုံနှင့် မိုင်(၃၀)အကွာတွင် ရှိနေပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် ပွင့်လင်းရာသီတွင် လေးနာရီခန့်သွားရကာ မိုးရာသီတွင် ဆိုင်ကယ်ဘီးများတွင် သံကြိုးပတ်ပြီးသွားရကြောင်း သိရသည်။

ဝမ်ဟွေလုံကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ ဆောက်လုပ်ရန် ပေ (၂၀၀) ပတ်လည်မြေရှိသည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက Sub-Center ကျေးလက် ကျန်းမာရေးဌာန (၄)ခုရမည်ဖြစ်ရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ဖြေကြားခဲ့သည်။

စုံလောရွာသည် ပန်ကေတုကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပါပြီး လုတ်ကန်းရွာသည် တုံလောကျေးလက် ကျန်းမာရေးဌာန အောက်တွင်ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဝမ်ဟွေလုံ၊ လုတ်ကန်းနှင့် စုံလော ကျေးရွာများတွင် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွင်း ကျေးလက်ကျန်းမာရေးဌာနများ တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝမ်ဟွေလုံကျေးရွာ အနဖြေင့် အနီးဆုံး မိုင်းကိုင်ဆေးရုံနှင့် မိုင်(၃၀)အကွာတွင် ရှိနပြေီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသဖြင့် ပွင့်လင်းရာသီတွင် လေးနာရီခန့်သွားရကာ မိုးရာသီတွင် ဆိုင်ကယ်ဘီးများတွင် သံကြိုးပတ်ပြီးသွားရကြောင်း သိရသည်။

ဝမ်ဟွေလုံကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ ဆောက်လုပ်ရန် ပေ (၂၀၀) ပတ်လည်မြေရှိသည့် အတွက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဆိုပါက Sub-Center ကျေးလက် ကျန်းမာရေးဌာန (၄)ခုရမည်ဖြစ်ရာ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လွှတ်တော်တွင် ဖြကြေားခဲ့သည်။

စုံလောရွာသည် ပန်ကေတုကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပါပြီး လုတ်ကန်းရွာသည် တုံလောကျေးလက် ကျန်းမာရေးဌာန အောက်တွင်ရှိ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကိုလည်း ဖြကြေားသွားခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇွန်လ (၁၅) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မိုင်းကိုင် မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်းက မိုင်းကိုင်မြို့ နယ်၊ ဝမ်ဟွေလုံကျေးရွာတွင် သီးခြား ကျေးလက်ကျန်းမာရေး ဌာန (RHC) အသစ်တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) များအဖြစ် ဝမ်လုံ၊ ယန်းလွိုင်၊ ဝမ်လျန့်နှင့် မတ်လန်း တို့တွင် တိုးချဲ့ဖွဲ့စည်းပေးရန်နှင့် လုတ်ကန်း၊ စုံလောတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ (S/C) အသစ် တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းဖြစ်သည်။
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Header Ad

//