ကွမ်းလုံမြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်

ကွမ်းလုံမြို့ကို မဟာမိတ်တပ်များ သိမ်းပိုက်
နိုဝင်ဘာ 9, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အား ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၉)ရက် နေ့လယ်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ပြီး ဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ယနေ့တွင် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်များသည် ကိုးကန့်ခရိုင်၊ ရှောက်ပယ်အိုင် စစ်ကောင်စီတပ်စခန်းနှင့် ဟဲ့ဟုတ်တောင်ရှိ စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

MNDAAနှင့် မဟာမိတ်အဖွဲ့တို့သည် ရှောက်ပယ်အိုင်နေရာရှိ စစ်ကောင်စီ၏တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ နံနက်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် ဟွာရှိပန်ဘက်မှလာသည့် ‌စစ်ကောင်စီတပ်ကား (၂)စီးကို  ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး (၂)စီးလုံးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယနေ့တွင်ပင် MNDAAနှင့် မဟာမိတ်အဖွဲ့တို့သည် ကိုးကန့် တုန်ရှမ်းဒေသ၊ ရှီယွင်ကြည်ရွာအနီးရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့၏ တပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟုလည်း သိရသည်။

#TachileikNewsAgency