ကျောက်မဲမြို့ရှိ အာဏာသိမ်းစစ်တပ်၏ ခမရ (၅၀၂)တပ်အနီးတွင် လက်နက်ကြီး ပစ်သံများ ကြားရ

ကျောက်မဲမြို့ရှိ အာဏာသိမ်းစစ်တပ်၏ ခမရ (၅၀၂)တပ်အနီးတွင် လက်နက်ကြီး ပစ်သံများ ကြားရ
ဒီဇင်ဘာ 27, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် အာဏာသိမ်း စစ်တပ်၏ အမှတ်(၅၀၂)ခြေမြန်တပ်ရင်းအနီးတွင် လက်နက်ကြီးပစ်သံများ ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်အချိန်က ကြားရကြောင်း သိရသည်။ 

၅၀၂ တပ်ဖက် တော်တော်ကျယ်တယ်၊ အသံအရမ်းကျယ်လို့ အိမ်တွေတောင် တုန်တယ်။ တချက်ချင်း ကြားရတာ (၇)ချက်ပြည့်တော့ ငြိမ်သွားတယ်။  အစပိုင်း တော့ အသံ ​တော်​တော်​လေးကျယ်တယ်။ ​နောက်ဆုံး (၂)ချက် ​ဝေးသွားသလို ခံစားရတယ် အသံတိုးတိုးသွားတာ

ဟု ကျောက်မဲဒေသက တစ်ဦးက Tachileik News Agency သို့ ပြောသည်။

လက်နက်ကြီးပစ်သံများ ထွက်ပေါ်ခြင်းနှင့် ပတ်သက်၍ မည်သည့်အဖွဲ့နှင့် ပစ်ခတ်သည်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယခင်နေ့များကလည်း ကျောက်မဲ ရဲစခန်းအနီးတွင် ညပိုင်းများက လက်နက်ငယ်ဖြင့် ပစ်ခတ်သံများကြားရသည်ဟု သိရသည်။