ကျောက်မဲမြို့တွင် ဖျားနေသည့် ယာဉ်နောက်လိုက်တစ်ဦးကို COVID 19 စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်

ကျောက်မဲမြို့တွင် ဖျားနေသည့် ယာဉ်နောက်လိုက်တစ်ဦးကို COVID 19 စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်
စက်တင်ဘာ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဖျားနေသည့် ယာဉ်နောက်လိုက်တစ်ဦးကို COVID 19 စောင့်ကြည့်သံသယလူနာအဖြစ် သတ်မှတ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့၊ ခိုမုန်းကျေးရွာရှိ ကုန်တင်ယာဉ်စစ်ဆေးမှုစင်တာ၌ သီးသန့် နေထိုင်နေသော ယာဉ်နောက်လိုက်တစ်ဦး ဖျားနာလာသည့်အတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ပြည်သူ့ဆေးရုံ isolation ward သို့ပြောင်းရွှေ့ထားရကြောင်း သိရသည်။
“သူက ဖျားတယ်။ ရန်ကုန်ဘက်ကို ခရီးသွား ရာဇဝင်လည်း ရှိတယ်။ အဲဒါကြောင့် စောင့်ကြည့်လူနာအဖြစ် ဆေးရုံတင်ပြီး swab ယူစစ်မယ်” ဟု ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲ - ရန်ကုန် ပြေးဆွဲသည့် ယာဉ်လိုင်းတစ်ခုမှ ယာဉ်နောက်လိုက် အမျိုးသားတစ်ဦးသည် စက်တင်ဘာလ (၁၆) ရက်နေ့က စတင်၍ ခိုမုန်းကျေးရွာစာသင်ကျောင်းရှိ ကုန်တင်ယာဉ်များ စစ်ဆေးမှု စင်တာ၌ သီးသန့်နေထိုင်နေသူဖြစ်ပြီး စက်တင်ဘာလ (၂၅) ရက်နေ့တွင် ဖျားနာခြင်း၊ အစား အသောက်ပျက်ခြင်းများ ဖြစ်ပေါ်လာသည့်အတွက် ကျန်းမာရေးဌာနသို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါအမျိုးသားအား ခိုမုန်းစင်တာမှနေ၍ ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံရှိ Isolation Ward သို့ Covid-19 Operation Team ( Five Star ) လူမှုကူညီရေးအဖွဲ့က ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ ကျောက်မဲမြို့နယ်တွင် စောင့်ကြည့်သံသယလူနာ (၅)ဦးရှိနေပြီး ဓာတ်ခွဲနမူနာ ပို့စစ်ထားသူ (၆၂)ဦးရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~