မူဆယ္ - မႏၱေလး လွ်ပ္စစ္အျမန္ရထားလမ္းစီမံကိန္းဆုိင္ရာ လူထုေတြ႔ဆံုပြဲ ေက်ာက္မဲတြင္ က်င္းပ

မူဆယ္ - မႏၱေလး လွ်ပ္စစ္အျမန္ရထားလမ္းစီမံကိန္းဆုိင္ရာ လူထုေတြ႔ဆံုပြဲ ေက်ာက္မဲတြင္ က်င္းပ
စက်တင်ဘာ 7, 2019
By 🌸
တရုတ္နုိင္ငံႏွင့္ နယ္စပ္ျဖစ္သည့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕ႏွင့္ မႏၱေလးၿမိဳ႕ကို ဆက္သြယ္မည့္ လွ်ပ္စစ္အျမန္ရထား လမ္းႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕ရိွ ၿမိဳ႕ေတာ္ခန္းမတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔က လူထုေတြ႔ဆံုပြဲ ျပဳလုပ္သည္။

တ႐ုတ္ - ျမန္မာ စီးပြားေရးစႀကၤန္ ပူးေပါင္းမႈ မူေဘာင္ေအာက္တြင္ အေကာင္အထည္ေဖၚမည့္ အဆိုပါ မူဆယ္ - မႏၱေလး ရထားလမ္းပိုင္းစီမံကိန္း ျဖစ္ႏုိင္ေခ်ဆန္းစစ္ျခင္းလုပ္ငန္းအတြက္ ျမန္မာ့မီးရထားလုပ္ငန္းႏွင့္ တရုတ္ႏိုင္ငံမွ CREEC ကုမၸဏီတို႔ၾကား ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၂) ရက္ေန႔က နားလည္မႈစာခၽြန္လႊာ ေရးထိုးၿပီးေနာက္ ေအာက္တိုဘာလ (၃၁) ရက္ေန႔တြင္ ႏွစ္ႏိုင္ငံပူးတြဲေကာ္မတီကို စတင္ဖြဲ႔စည္း ခဲ့ျခင္းျဖစ္သည္။

ျမန္မာ့မီးရထားလုပ္ငန္းက ရထားလမ္းသစ္ေဖာက္လုပ္ႏိုင္ေရးအတြက္ ေျမတိုင္းတာေရးလုပ္ငန္းမ်ား၊ ဘူမိေဗဒဆိုင္ရာ ေလ့လာျခင္းလုပ္ငန္းမ်ားကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၃၁)ရက္ေန႔မွ  ၂၀၁၉ ခုႏွစ္၊ ေမလ (၁၀)ရက္ေန႔အထိ ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

" မူလလမ္းေၾကာင္းအရ သိန္းနီၿမိဳ႕နဲ႔ကြတ္ခိုင္ၿမိဳ႕ကိုမဝင္ဘဲ လမ္းအူေၾကာင္းေရးဆြဲခဲ့ေပမဲ့ အဲဒီက ေဒသခံေတြရဲ့ ေတာင္းဆိုမႈေတြအရ အဲဒီၿမိဳ႕ႏွစ္ခုလံုးရဲ့အနီးကေန ျဖတ္သြားႏိုင္ဖို႔ လမ္းေၾကာင္းကို ျပဳျပင္ေရးဆြဲခဲ့ရပါတယ္။ စီမံကိန္းတကယ္စတင္ျဖစ္ၿပီးသြားရင္ မႏၱေလးကေနတစ္ဆင့္ သြားလာလို႔ရတဲ့ လက္ရွိအသံုးျပဳေနတဲ့ လမ္းေၾကာင္းေတြအားလံုးနဲ႔ ခ်ိတ္ဆက္ေျပးဆြဲႏိုင္ေအာင္ စီမံသြားမွာျဖစ္ပါတယ္" ဟု ျမန္မာ့မီးရထားမွ ဒုတိယအေထြေထြမန္ေနဂ်ာ ဦးေဌးလိႈင္က ေက်ာက္မဲၿမိဳ႕ လူထုေတြ႔ဆံုပြဲတြင္ ေျပာၾကားသည္။

တစ္နာရီလွ်င္ မုိင္ (၁၀၀)ႏႈန္းျဖင့္ ေျပးဆြဲမည့္ အဆိုပါ လွ်ပ္စစ္အျမန္ရထားလမ္းအရွည္ (၄၁၄) ကီလိုမီတာတြင္  ဥမင္လိုဏ္ေခါင္း (၆၀) ၊ တံတားႀကီး (၁၂၄) စင္း၊ တံတားငယ္ (၇၂၃) စင္း၊ ဘူတာစုစုေပါင္း (၃၆) ခု၊ လူစီး/ကုန္တင္ ဘူတာ (၇) ခု၊ လူစီးသီးသန္႔ဘူတာ (၅) ခု ႏွင့္ လမ္းလႊဲဘူတာ (၂၄) ခု ပါဝင္ကာ တံတားမ်ားႏွင့္ ဥမင္လိႈဏ္ေခါင္းမ်ား၏ အရွည္သည္ ရထားလမ္းတစ္ခုလံုး၏ သံုးပံုႏွစ္ပံုရွိသည္ဟု သိရသည္။

"ရထားလမ္းေဖါက္လုပ္တဲ့အခါ ပတ္ဝန္းက်င္ကို ဘယ္လိုထိခိုက္နစ္နာေစမႈေတြ ရွိႏိုင္တယ္၊ ဘယ္လို ေကာင္းက်ိဳးေတြ ရွိႏိုင္တယ္ဆိုတာနဲ႔ ပတ္သက္လို႔ တတိယအဖြဲ႔အစည္းအေနနဲ႔ Ever Green Environment Services Co.ltd က ျပဳလုပ္ေနတာျဖစ္ပါတယ္။ အဓိကအေနန႔ဲ ပတ္ဝန္းက်င္ထိခိုက္နစ္နာေစႏိုင္တဲ့ အခ်က္ေတြ၊ အက်ိဳးစီးပြားျဖစ္ထြန္းေစႏိုင္တဲ့အခ်က္ေတြကို ေလ့လာဆန္းစစ္ၿပီး စီမံကိန္းနယ္နိမိတ္ထဲ ပါဝင္တဲ့ ေဒသေတြက ေဒသခံေတြရဲ့ အႀကံျပဳခ်က္၊ ေတာင္းဆိုခ်က္၊ ေဝဖန္ခ်က္ေတြကို ေလ့လာဆန္းစစ္မႈျပဳလုပ္တာ ျဖစ္ပါတယ္" ဟု အဆိုပါ ရထားလမ္းပိုင္းတြင္ တတိယအဖြဲ႕အစည္းအေနျဖင့္ ေလ့လာဆန္းစစ္မႈျပဳလုပ္ေနသည့္ Ever Green Environment Services Co.ltd မွ အႀကံေပးအရာရွိ ေဒါက္တာေက်ာ္စြာတင့္က လူထုေတြ႔ဆံုပြဲတြင္ ေျပာသည္။

မူဆယ္-မႏၱေလး ရထားလမ္းသစ္ ေဖာက္လုပ္ေရးစီမံကိန္းႏွင့္ပတ္သက္သည့္ ျဖစ္ႏိုင္စြမ္းေလ့လာျခင္းအတြက္ ပတ္ဝန္းက်င္ထိခိုက္မႈ ဆန္းစစ္ျခင္းလုပ္ေဆာင္သည့္ တတိယအဖြဲ႔အစည္းျဖစ္သည့္ Ever Green Environment Services Co.ltd က ဦးေဆာင္၍ ျမန္မာ့မီးရထားဝန္ႀကီးဌာနမွ ဒုတိယအေထြေထြ မန္ေနဂ်ာ၊ ေက်ာက္မဲရွိ ဌာနဆိုင္ရာမ်ား၊ ရထားလမ္းျဖတ္သန္းသြားမည့္ ေက်းရြာမ်ားမွ ေဒသခံမ်ားပါဝင္သည့္ လူထု ေတြ႔ဆံုပြဲကို  ေဒသခံ (၂၀၀) ခန္႔ တက္ေရာက္ခဲ့ၾကသည္။

မႏၱေလး - မူဆယ္ရထားလမ္းစီမံကိန္းမတုိင္မီက ေက်ာက္ျဖဴ-ကူမင္း ရထားလမ္း စီမံကိန္းအျဖစ္ ၂၀၁၁ ခုႏွစ္က ျမန္မာႏွင့္ တရုတ္ႏုိင္ငံတုိ႔ၾကား နားလည္မႈစာခၽြန္လႊာထုိးခဲ့ၿပီး ၂၀၁၄ ခုႏွစ္က  MoU သက္တမ္းကုန္ဆုံး၍ ရပ္တန႔္သြားခဲ့ျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူဆယ် - မန္တလေး လျှပ်စစ်အမြန်ရထားလမ်းစီမံကိန်းဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျောက်မဲတွင် ကျင်းပ
*************
တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နှင့် မန္တလေးမြို့ကို ဆက်သွယ်မည့် လျှပ်စစ်အမြန်ရထား လမ်းနှင့်ပတ်သက်၍ ကျောက်မဲမြို့ရှိ မြို့တော်ခန်းမတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့က လူထုတွေ့ဆုံပွဲ ပြုလုပ်သည်။

တရုတ် - မြန်မာ စီးပွားရေးစြင်္ကန် ပူးပေါင်းမှု မူဘောင်အောက်တွင် အကောင်အထည်ဖေါ်မည့် အဆိုပါ မူဆယ် - မန္တလေး ရထားလမ်းပိုင်းစီမံကိန်း ဖြစ်နိုင်ချေဆန်းစစ်ခြင်းလုပ်ငန်းအတွက် မြန်မာ့မီးရထားလုပ်ငန်းနှင့် တရုတ်နိုင်ငံမှ CREEC ကုမ္ပဏီတို့ကြား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့က နားလည်မှုစာချွန်လွှာ ရေးထိုးပြီးနောက် အောက်တိုဘာလ (၃၁) ရက်နေ့တွင် နှစ်နိုင်ငံပူးတွဲကော်မတီကို စတင်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

မြန်မာ့မီးရထားလုပ်ငန်းက ရထားလမ်းသစ်ဖောက်လုပ်နိုင်ရေးအတွက် မြေတိုင်းတာရေးလုပ်ငန်းများ၊ ဘူမိဗေဒဆိုင်ရာ လေ့လာခြင်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၃၁)ရက်နေ့မှ  ၂၀၁၉ ခုနှစ်၊ မေလ (၁၀)ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

" မူလလမ်းကြောင်းအရ သိန်းနီမြို့နဲ့ကွတ်ခိုင်မြို့ကိုမဝင်ဘဲ လမ်းအူကြောင်းရေးဆွဲခဲ့ပေမဲ့ အဲဒီက ဒေသခံတွေရဲ့ တောင်းဆိုမှုတွေအရ အဲဒီမြို့နှစ်ခုလုံးရဲ့အနီးကနေ ဖြတ်သွားနိုင်ဖို့ လမ်းကြောင်းကို ပြုပြင်ရေးဆွဲခဲ့ရပါတယ်။ စီမံကိန်းတကယ်စတင်ဖြစ်ပြီးသွားရင် မန္တလေးကနေတစ်ဆင့် သွားလာလို့ရတဲ့ လက်ရှိအသုံးပြုနေတဲ့ လမ်းကြောင်းတွေအားလုံးနဲ့ ချိတ်ဆက်ပြေးဆွဲနိုင်အောင် စီမံသွားမှာဖြစ်ပါတယ်" ဟု မြန်မာ့မီးရထားမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဌေးလှိုင်က ကျောက်မဲမြို့ လူထုတွေ့ဆုံပွဲတွင် ပြောကြားသည်။

တစ်နာရီလျှင် မိုင် (၁၀၀)နှုန်းဖြင့် ပြေးဆွဲမည့် အဆိုပါ လျှပ်စစ်အမြန်ရထားလမ်းအရှည် (၄၁၄) ကီလိုမီတာတွင်  ဥမင်လိုဏ်ခေါင်း (၆၀) ၊ တံတားကြီး (၁၂၄) စင်း၊ တံတားငယ် (၇၂၃) စင်း၊ ဘူတာစုစုပေါင်း (၃၆) ခု၊ လူစီး/ကုန်တင် ဘူတာ (၇) ခု၊ လူစီးသီးသန့်ဘူတာ (၅) ခု နှင့် လမ်းလွှဲဘူတာ (၂၄) ခု ပါဝင်ကာ တံတားများနှင့် ဥမင်လှိုဏ်ခေါင်းများ၏ အရှည်သည် ရထားလမ်းတစ်ခုလုံး၏ သုံးပုံနှစ်ပုံရှိသည်ဟု သိရသည်။

"ရထားလမ်းဖေါက်လုပ်တဲ့အခါ ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်နစ်နာစေမှုတွေ ရှိနိုင်တယ်၊ ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်တယ်ဆိုတာနဲ့ ပတ်သက်လို့ တတိယအဖွဲ့အစည်းအနေနဲ့ Ever Green Environment Services Co.ltd က ပြုလုပ်နေတာဖြစ်ပါတယ်။ အဓိကအနေနဲ့ ပတ်ဝန်းကျင်ထိခိုက်နစ်နာစေနိုင်တဲ့ အချက်တွေ၊ အကျိုးစီးပွားဖြစ်ထွန်းစေနိုင်တဲ့အချက်တွေကို လေ့လာဆန်းစစ်ပြီး စီမံကိန်းနယ်နိမိတ်ထဲ ပါဝင်တဲ့ ဒေသတွေက ဒေသခံတွေရဲ့ အကြံပြုချက်၊ တောင်းဆိုချက်၊ ဝေဖန်ချက်တွေကို လေ့လာဆန်းစစ်မှုပြုလုပ်တာ ဖြစ်ပါတယ်" ဟု အဆိုပါ ရထားလမ်းပိုင်းတွင် တတိယအဖွဲ့အစည်းအနေဖြင့် လေ့လာဆန်းစစ်မှုပြုလုပ်နေသည့် Ever Green Environment Services Co.ltd မှ အကြံပေးအရာရှိ ဒေါက်တာကျော်စွာတင့်က လူထုတွေ့ဆုံပွဲတွင် ပြောသည်။

မူဆယ်-မန္တလေး ရထားလမ်းသစ် ဖောက်လုပ်ရေးစီမံကိန်းနှင့်ပတ်သက်သည့် ဖြစ်နိုင်စွမ်းလေ့လာခြင်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ဆောင်သည့် တတိယအဖွဲ့အစည်းဖြစ်သည့် Ever Green Environment Services Co.ltd က ဦးဆောင်၍ မြန်မာ့မီးရထားဝန်ကြီးဌာနမှ ဒုတိယအထွေထွေ မန်နေဂျာ၊ ကျောက်မဲရှိ ဌာနဆိုင်ရာများ၊ ရထားလမ်းဖြတ်သန်းသွားမည့် ကျေးရွာများမှ ဒေသခံများပါဝင်သည့် လူထု တွေ့ဆုံပွဲကို  ဒေသခံ (၂၀၀) ခန့် တက်ရောက်ခဲ့ကြသည်။

မန္တလေး - မူဆယ်ရထားလမ်းစီမံကိန်းမတိုင်မီက ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းအဖြစ် ၂၀၁၁ ခုနှစ်က မြန်မာနှင့် တရုတ်နိုင်ငံတို့ကြား နားလည်မှုစာချွန်လွှာထိုးခဲ့ပြီး ၂၀၁၄ ခုနှစ်က  MoU သက်တမ်းကုန်ဆုံး၍ ရပ်တန့်သွားခဲ့ခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net