တံတားဦးလေတပ်အား ပတ်ကင်းလှည့်နေသည့် DC စစ်ကားတစီးကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦးသေဆုံး

တံတားဦးလေတပ်အား ပတ်ကင်းလှည့်နေသည့် DC စစ်ကားတစီးကို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်မြို့နယ်တော်လှန်ရေးတပ် Kyaukse Revolution Army(KRA) မှ ရုပ်သံဖိုင်နှင့်အတူ သတင်းထုတ်ပြန် ကြေငြာခဲ့သည်။

ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့ ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် တံတားဦးလေတပ်အား 107မမ အပစ်ခံရသည့်အတွက် ပတ်ကင်းလုံခြုံရေးဆောင်ရွက်နေသော အင်အား (၈) ဦးခန့်ပါရှိသော စစ်ကောင်စီ DC ကားတစ်စီးကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ လမ်းခုလတ်တနေရာမှ ခြုံခိုတိုက်ခိုက်ခဲ့ရာ ကားနောက်ဖင်ကြွတက်သွားပြီး လမ်းဘေးယာဘက်သို့ ထိုးရပ်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ခိုက်မှူအပြီး ကားအနောက်ခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးသွားသည်ကို အနီးကပ်မျက်မြင်သက်သေအရ အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကို Kyaukse Revolution Army (KRA) နှင့်အတူ Kyaukse District Defense Force (KDDF)၊ စဉ့်ကိုင်မြို့နယ် (ပကဖ) တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency