မြင်းမူမြို့နယ်တွင် ဆိုင်ကယ်နှင့်လာသည့် စစ်ကောင်စီတပ်သားများ မိုင်းခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြင်းမူမြို့တွင် စစ်ကောင်စီတပ်သား(၄)ဦး ဆိုင်ကယ်နှစ်စီးဖြင့် ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းက မြို့ရှောင်လမ်းသို့လာချိန် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Dog Killers People's Defence Force Myinmu ထံမှ သိရသည်။

၎င်းစစ်ကောင်စီတပ်သားများသည် မြို့ရှောင်လမ်းဘက်သို့ သွားရောက်၍ ပြည်သူများထံမှ ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသဖြင့် မြို့ပေါ်သို့တက်ကာ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိပြီး တိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu (DK PDF-MMU)၊ People's Knight Defense Force Myinmu(PKDF.MMU)၊ မြင်းမူမြို့တိုက်နယ်အနောက်ခြမ်း ပ က ဖ နှင့် D.B.B.F.MMU တို့က ပူးပေါင်းလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Video : DK PDF