ဒီပဲယင်းမြို့နယ် ကြည်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကြည်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Special Ranger Forceထံမှ သိရသည်။

ဒီပဲယင်းမြို့မှ အောက်တိုဘာလ (၂၁)ရက်နေ့က ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဒီပဲယင်းမြို့နယ်၊ ငဝဲတောရွာမှ ကြည်ရွာဘက်ကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ရွာသို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို Special Ranger Forceနှင့် မဟာမိတ်အဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ 

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ်(၂၀)ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ဆိုသည်။  

တိုက်ခိုက်မှုကို  Special Ranger Forceနှင့်အတူ Depeyin Local Mobile Team၊ အမှတ် (၁၂) တပ်ရင်း၊ ရွှေဘိုခရိုင်နှင့် အားမာန်သစ် Local PDFအဖွဲ့တိုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၂)ရက်နေ့ကလည်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့် မုံရွာမြို့ နမခ ရေအိုးစဉ်ဂိတ်ကို Special Ranger Force-SRFနှင့် မုံရွာခရိုင်တပ်ရင်း အမှတ်(၂)၊ အမှတ်(၃)၊ အားမာန်သစ် local PDFအဖွဲ့တို့ ပူးပေါင်းကာ

လက်လုပ် (၆၀) မမတို့ဖြင့် ပစ်ခတ်တိုက်ခဲ့သည့်အပြင် ယင်းနေ့တွင်ပင် လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Video : Special Ranger Force