အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်တွင် ညှိနှိုင်းဆွေးနွေး

အာဖရိကဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တာချီလိတ်တွင် ညှိနှိုင်းဆွေးနွေး
အောက်တိုဘာ 10, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများက ဒေသတွင်း အာဖရိက ဝက်အပြင်းဖျားရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် ညှိနှိုင်းဆွေးနွေးကြသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)တွင် သြဂုတ်လဆန်းပိုင်းက အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားခဲ့သဖြင့် ဒေသတွင်း ဝက်များသို့ ကူးစက်ပျံ့နှံ့ခြင်းမရှိစေရန် ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

"ရှမ်းပြည်နယ် အရှေ့ခြမ်းကတော့ အာဖရိကဝက် အပြင်းဖျားရောဂါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တိုင်းပြည်မှာ ပထမဆုံး ဖော်ထုတ်တဲ့နေရာ ဖြစ်တာပေါ့။ ဒီဒေသကို ကာကွယ်ထိန်းချုပ်ဖို့အရေး အထူးပဲ အားစိုက် ဆောင်ရွက်တယ်။ ဖြစ်ပွားတဲ့ဟာကိုတော့ မဖြစ်ပွားအောင် လုပ်လို့မရဘူး။ မပြန့်ပွားအောင်တားတဲ့ လုပ်ငန်းတွေ ဆောင်ရွက်တာပေါ့။ တာချီလိတ်ဒေသရဲ့အကြောင်းကို ပြောမယ်ဆိုရင် ဒီဘက်ဒေသမှာ မိုင်းယောင်းနဲ့ မိုင်းဖြတ်ပေါ့။ အထူးဒေသ(၄) မှာတွေ့ရှိတဲ့အတွက် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေကို ဆက်တိုက်လုပ်သွားမှာ ဖြစ်တယ်။ ရှမ်းအရှေ့ပိုင်းမှာ ရောဂါထိန်းချုပ်နိုင်ပါပြီ။ ပြန်လည်ထူထောင်ရေးတော့ မစနိုင်သေးဘူး"ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အစည်းအဝေးသို့ ဌာနဆိုင်ရာများအပြင် ဒေသတွင်းမှ မွေးမြူရေးလုပ်ငန်းရှင်များလည်း တက်ရောက်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
အာဖရိကဝက္အျပင္းဖ်ားေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ တာခ်ီလိတ္တြင္ ညိႇႏႈိင္းေဆြးေႏြး
**********
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕တြင္ ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာနႏွင့္ ဌာနဆုိင္ရာမ်ားက ေဒသတြင္း အာဖရိက ဝက္အျပင္းဖ်ားေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၀) ရက္ေန႔တြင္ ညိႇႏိႈင္းေဆြးေႏြးၾကသည္။

ရွမ္းျပည္နယ္အေရွ႕႔ပိုင္း အထူးေဒသ(၄)တြင္ ၾသဂုတ္လဆန္းပိုင္းက အာဖရိကဝက္အျပင္းဖ်ားေရာဂါ ျဖစ္ပြားခဲ့သျဖင့္ ေဒသတြင္း ဝက္မ်ားသို႔ ကူးစက္ပ်ံ႕ႏွံ႕ျခင္းမရိွေစရန္ ကာကြယ္ထိန္းခ်ဳပ္ေရး ေဆာင္ရြက္ေနျခင္းျဖစ္သည္။

"ရွမ္းျပည္နယ္ အေရွ႕ျခမ္းကေတာ့ အာဖရိကဝက္ အျပင္းဖ်ားေရာဂါနဲ႔ ပတ္သက္ၿပီး ကၽြန္ေတာ္တို႔ တိုင္းျပည္မွာ ပထမဆံုး ေဖာ္ထုတ္တဲ့ေနရာ ျဖစ္တာေပါ့။ ဒီေဒသကို ကာကြယ္ထိန္းခ်ဳပ္ဖို႔အေရး အထူးပဲ အားစိုက္ ေဆာင္ရြက္တယ္။ ျဖစ္ပြားတဲ့ဟာကိုေတာ့ မျဖစ္ပြားေအာင္ လုပ္လို႔မရဘူး။ မျပန္႔ပြားေအာင္တားတဲ့ လုပ္ငန္းေတြ ေဆာင္ရြက္တာေပါ့။ တာခ်ီလိတ္ေဒသရဲ႕အေၾကာင္းကို ေျပာမယ္ဆိုရင္ ဒီဘက္ေဒသမွာ မိုင္းေယာင္းနဲ႔ မိုင္းျဖတ္ေပါ့။ အထူးေဒသ(၄) မွာေတြ႕ရိွတဲ့အတြက္ ထိန္းခ်ဳပ္ေရးလုပ္ငန္းစဥ္ေတြကို ဆက္တိုက္လုပ္သြားမွာ ျဖစ္တယ္။ ရွမ္းအေရွ႕ပိုင္းမွာ ေရာဂါထိန္းခ်ဳပ္ႏိုင္ပါၿပီ။ ျပန္လည္ထူေထာင္ေရးေတာ့ မစႏိုင္ေသးဘူး"ဟု ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာရဲထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အစည္းအေဝးသို႔ ဌာနဆုိင္ရာမ်ားအျပင္ ေဒသတြင္းမွ ေမြးျမဴေရးလုပ္ငန္းရွင္မ်ားလည္း တက္ေရာက္ေဆြးေႏြးခဲ့ၾကျခင္း ျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net