တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် ကျောက်ရောမြေထည့်သွင်းမြေဖို့မှုများဆောင်ရွက်နေပြီး ပန်းအလှပင်များစိုက်ပျိုးနိုင်ရန်စီစဉ်
တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)တွင် ကျောက်ရောမြေထည့်သွင်းမြေဖို့မှုများဆောင်ရွက်နေပြီး ပန်းအလှပင်များစိုက်ပျိုးနိုင်ရန်စီစဉ်
စကျတငျဘာ 22, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မသုသာန်သစ် (ပုံလို့) တည်ရှိရာ တောင်ပေါ်တွင် မြေပြိုမှုများ မဖြစ်ပေါ်စေရန် ကျောက်ရောမြေ စီးရေ (၁၆၀၀)ကျော် ထည့်သွင်းပြီး ယန္တယားများဖြင့် မြေသားညှိမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
တောင်ပေါ်တွင် မြေညှိ၍တည်ဆောက်နေသည့် မြို့မသုသာန်သစ်(ပုံလို့)တွင် မိုးတွင်းကာလ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သုသာန်သွားရာ လမ်းမကြီးနှင့် အဆောက်အဦးများ တည်ဆောက်နေသည့်နေရာများတွင် ကျောက်ရောမြေများထည့်သွင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ပန်းအလှပင်များလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကို တာချီလိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအားဖာက မတည်ရင်းနှီးငွေဖြင့် စတင် ဦးဆောင်ခဲ့ရာ ဒေသတွင်းမှ လုပ်ငန်းရှင်များ၊ ဒေသခံများက ဝိုင်းဝန်းကူညီ ပံ့ပိုးမှုများဖြင့် ပုံလို့ဆရာတော်ကြီးက ပေးအပ်လှူဒါန်းသည့် တောင်ပေါ်မြေဧရိယာ (၁၆) ဧကပေါ်တွင် ဆောက်လုပ်နေခြင်း ဖြစ်သည်။
တာချီလိတ်မြို့ရှိ မြို့မသုဿန်(ကျောက်တောင်)မှာ လက်ရှိတွင် လူနေရပ်ကွက်များဖြင့် နီးကပ်နေသည့်အပြင် မီးသဂြုင်္ိဟ်စက် မရှိသဖြင့် ကားတာယာဟောင်းများဖြင့် မီးသဂြုင်္ိဟ်သည့်ညှော်နံ့များကို အနီးဝန်းကျင် ရပ်ကွက်များက ခံစားနေကြရခြင်းဖြစ်သည်။
တည်ဆောက်နေဆဲ သုဿန်သစ်တွင် မီးသဂြုင်္ိဟ်စက်၊ တရားနာဇရပ်နှင့် အရိုးပြာအိုးများ မြုပ်နှံရန်နေရာများအပြင် မြေယာရှုခင်းပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုပါ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သုဿန်သစ်တည်ဆောက်ရေးအတွက် ဦးဆောင်မတည်ခဲ့သည့် လုပ်ငန်းရှင် ဦးအားဖာအပါအဝင် မြို့လူထုပါဝင်သည့် ကော်မတီကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ကဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဦးအားဖာ ရုတ်တရက်ကွယ်လွန်သွားချိန်တွင် ကော်မတီက ဆက်လက်တာဝန်ယူ လုပ်ကိုင်နေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - San Thein
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မသုသာန်သစ် (ပုံလို့) တည်ရှိရာ တောင်ပေါ်တွင် မြပြေိုမှုများ မဖြစ်ပေါ်စေရန် ကျောက်ရောမြေ စီးရေ (၁၆၀၀)ကျော် ထည့်သွင်းပြီး ယန္တယားများဖြင့် မြေသားညှိမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
"ဒီလ (၂၀) ရက်နေ့ကတည်းက တောက်လျှောက်ပြင်နေတာပေါ့။ မြေတွပြေင်နေတာ မနက်ဖြန်၊ သဘက်ခါလောက်မှ ပြီးမယ်။ ကျောက်ရောမြေတွေထည့်ပြီး ယန္တရားတွေနဲ့ ပြင်နေတာပေါ့။ မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး အန္တိမဈာပနလုပ်ရင် မိုးတွေရွာပြီး လမ်းတွေဘာတွေ မချော်အောင်လုပ်နေတာ။ လက်ရှိတော့ ကုန်းပေါ်မှာလုပ်နေတယ်။ အတက်လမ်းက မြေအက်တဲ့နေရာတွေကိုလည်း ကျောက်ရောမြေတွေထည့်ပြီး ညှိဖို့တော့ရှိတယ်"ဟု မြို့မသုသာန်သစ်(ပုံလို့) တည်ဆောက်ရေးကော်မတီ ဥက္ကဌ ဒုရဲမှူးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တောင်ပေါ်တွင် မြေညှိ၍တည်ဆောက်နေသည့် မြို့မသုသာန်သစ်(ပုံလို့)တွင် မိုးတွင်းကာလ မြပြေိုမှုများ ဖြစ်ပေါ်ခဲ့သဖြင့် သုသာန်သွားရာ လမ်းမကြီးနှင့် အဆောက်အဦးများ တည်ဆောက်နေသည့်နေရာများတွင် ကျောက်ရောမြေများထည့်သွင်းခြင်း၊ ရေနှုတ်မြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်ပြီး ပန်းအလှပင်များလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့မသုသာန်သစ်(ပုံလို့)ကို တာချီလိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအားဖာက မတည်ရင်းနှီးငွဖြေင့် စတင် ဦးဆောင်ခဲ့ရာ ဒေသတွင်းမှ လုပ်ငန်းရှင်များ၊ ဒေသခံများက ဝိုင်းဝန်းကူညီ ပံ့ပိုးမှုများဖြင့် ပုံလို့ဆရာတော်ကြီးက ပေးအပ်လှူဒါန်းသည့် တောင်ပေါ်မြေဧရိယာ (၁၆) ဧကပေါ်တွင် ဆောက်လုပ်နခြေင်း ဖြစ်သည်။
တာချီလိတ်မြို့ရှိ မြို့မသုဿန်(ကျောက်တောင်)မှာ လက်ရှိတွင် လူနေရပ်ကွက်များဖြင့် နီးကပ်နေသည့်အပြင် မီးသင်္ဂြိုဟ်စက် မရှိသဖြင့် ကားတာယာဟောင်းများဖြင့် မီးသင်္ဂြိုဟ်သည့်ညှော်နံ့များကို အနီးဝန်းကျင် ရပ်ကွက်များက ခံစားနကြေရခြင်းဖြစ်သည်။
တည်ဆောက်နေဆဲ သုဿန်သစ်တွင် မီးသင်္ဂြိုဟ်စက်၊ တရားနာဇရပ်နှင့် အရိုးပြာအိုးများ မြုပ်နှံရန်နေရာများအပြင် မြေယာရှုခင်းပြင်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကိုပါ စနစ်တကျဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သုဿန်သစ်တည်ဆောက်ရေးအတွက် ဦးဆောင်မတည်ခဲ့သည့် လုပ်ငန်းရှင် ဦးအားဖာအပါအဝင် မြို့လူထုပါဝင်သည့် ကော်မတီကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့ကဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဦးအားဖာ ရုတ်တရက်ကွယ်လွန်သွားချိန်တွင် ကော်မတီက ဆက်လက်တာဝန်ယူ လုပ်ကိုင်နခြေင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - San Thein
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net