တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ သတၱဳတူးေဖၚေရး လုပ္ငန္းခြင္တြင္ တရုတ္နုိင္ငံသား (၅)ဦး ဖမ္းမိ

တာခ်ီလိတ္တြင္ မူးယစ္ေဆး၀ါးႏွင့္လက္နက္မႈမ်ားျဖင့္ အလိုရွိေနသူ၏ သတၱဳတူးေဖၚေရး လုပ္ငန္းခြင္တြင္ တရုတ္နုိင္ငံသား (၅)ဦး ဖမ္းမိ
ဇွန် 24, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ က်ိဳင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ိဳးနယ္ေျမ အတြင္းရွိ ႏုိင္ရတနာေရႊႀတိဂံကုမၸဏီလီမိတက္၏  သတၱဳလုပ္ကြက္ဝန္းအတြင္း နယ္ေျမခံတပ္မေတာ္က စစ္ေၾကာင္းျဖင့္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၄)ရက္ေန႔က ဝင္ေရာက္စစ္ေဆးရာ တရုတ္ႏုိင္ငံသား (၅)ဦးကို ဖမ္းမိေၾကာင္း သိရသည္။

သတၱဳရွာေဖြေရးကုမၸဏီဝင္းအတြင္းမွ ဖမ္းမိသည့္ တရုတ္ႏုိင္ငံသား အမ်ိဳးသား (၄)ဦးျဖစ္သည့္ CHEN VUEJIN၊ LTU NAILONG၊ LIU TIANAI ႏွင့္ JIN XIGANG၊ အမ်ိဳးသမီး(၁)ဦးျဖစ္သည့္ JIM JIE RONG တို႔အား တပ္မေတာ္စစ္ေၾကာင္းက က်ိဳင္းလပ္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာန တာဝန္ရိွသူမ်ားထံ လႊဲေျပာင္းေပးအပ္ထားၿပီး လဝကဥပေဒျဖင့္ အေရးယူႏုိင္ရန္ ေဆာင္ရြက္ေနေၾကာင္းသိရသည္။

တာခ်ီလိတ္ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္တြင္ နယ္ေျမခံတပ္ႏွင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုနွစ္၊ ဇြန္လ (၂၂)ရက္ေန႔ ည(၆)နာရီဝန္းက်င္တြင္ မိုင္းလင္းမွ တာခ်ီလိတ္ၿမိဳ႕တြင္းသို႔ က်ည္မ်ိဳးစံု (၆၃၈)ေတာင့္သယ္လာသည့္ ထုိင္းနိုင္ငံသားကို ဖမ္းမိၿပီးေနာက္ အဆိုပါခဲယမ္းမ်ား၏ ပိုင္ရွင္ျဖစ္သည့္ ညီညီႏုိင္(ခ)ပီႏုိင္ေနထုိင္သည့္ ေဆခမ္းရပ္ကြက္၊ ဗိုလ္ခ်ဳပ္လမ္းရိွေနအိမ္ကို ဇြန္လ (၂၃)ရက္ေန႔ နံနက္(၁)နာရီမထိုးမီက မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပါသည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္ ရွာေဖြခဲ့ျခင္းျဖစ္သည္။

ညီညီႏုိင္(ခ)ပီႏုိင္၏ေနအိမ္တြင္ အိမ္ေစာင့္အမ်ိဳးသားနွစ္ဦးျဖစ္သည့္ စိုင္းဆုိင္မုိင္းႏွင့္ အုိက္ဝမ္းတုိ႔ႏွင့္အတူ စိတ္ၾကြေဆးျပား (၁၄၀၀)ျပား၊ ဘိန္းျဖဴ (၆၆၀)ဂရမ္၊ အိုက္စ္(၂၇၅)ဂရမ္ခန္႔၊ ကဖင္း (၄၇၃)ဂရမ္ခန္႔၊ စႏုိက္ပါအပါအဝင္ ေသနတ္မ်ိဳးစံု (၁၅)လက္၊ က်ည္မ်ိဳးစံု(၁၃၆၀)ေတာင့္၊ က်ည္ေဘာက္ႏွင့္ က်ည္အိမ္မ်ိဳးစံု (၃၄)ခု၊ ေရႊရည္စိမ္ႏွင့္ ေငြထည္လက္ဝတ္ရတနာမ်ား၊ ေက်ာက္အရိုင္းေရာရာမ်ိဳးစံု၊ ေရႊႏွင့္ေက်ာက္ေရာရာ ေရႊထည္အေလးခ်ိန္စုစုေပါင္း (၈၅၈.၆)ဂရမ္ခန္႔၊ စိုင္းညီညီႏုိင္အမည္ျဖင့္ ဟိုမိန္းျပည္သူ႔စစ္ဌာနအဖြဲ႕၏ ကဒ္တစ္ခု၊ ေဒၚနန္းရွီးေဖာင္းအမည္ျဖင့္ ဘဏ္ေငြစုစာအုပ္၊ Crown အမ်ိဳးအစား ခဲေရာင္ေမာ္ေတာ္ယာဥ္ (၁)စီး၊ Canda အမ်ိဳးအစား အနက္ေရာင္ဆုိင္ကယ္ (၁)စီး၊ Honda Wave 110 အမ်ိဳးအစား ျဖဴျပာေရာင္ဆုိင္ကယ္(၁)စီးႏွင့္ Hummer H2 အမ်ိဳးအစား အျဖဴေရာင္ေမာ္ေတာ္ယာဥ္ (၁)စီး၊ ကၽြန္းသစ္ခြဲသား (၉)တန္ေက်ာ္တုိ႔ကို ဖမ္းမိထားျခင္းျဖစ္သည္။

ယင္းေနာက္ ညီညီႏုိင္(ခ)ပီႏုိင္၏ ႏုိင္ရတနာေရႊႀတိဂံကုမၸဏီလီမိတက္ တည္ရိွရာ တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းလင္း(အေရွ႕)ေက်းရြာအုပ္စု၊ မိုင္းလင္းဘုန္းႀကီးေက်ာင္းသြားလမ္းေဘးရိွ ၿခံဝန္းအတြင္း ဇြန္လ (၂၃)ရက္ေန႔ ေန႔လယ္ပိုင္းက မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ ဝင္ေရာက္စစ္ေဆးရာ စိတ္ၾကြေဆးျပားထုတ္လုပ္သည့္စက္ (၁)လံုးႏွင့္ ဆက္စပ္ပစၥည္းမ်ား၊ RPJ အပါအဝင္ ေသနတ္မ်ိဳးစံု ( ၂)လက္၊ က်ည္မ်ိဳးစံု (၁၃၀)ေတာင့္ႏွင့္ က်ည္ေဘာက္မ်ိဳးစံု (၂)ခု၊ ဘက္ဟိုးယာဥ္(၁)စီး၊ CIUGONG လုတ္တာယာဥ္ (၁)စီး၊ (၁၂)ဘီးယာဥ္ (၁)စီး၊ (၆)ဘီးယာဥ္ (၁)စီးႏွင့္ YAMAHA 250 R အမ်ိဳးအစား ခဲ/ျပာေရာင္ ဆုိင္ကယ္(၁)စီးတုိ႔ကို သိမ္းဆည္းရမိခဲ့ၿပီး လူတစ္ဦးတစ္ေယာက္မွ ဖမ္းမိရရိွခဲ့ျခင္း မရိွေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆုိင္ရာရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဇြန္လ (၂၃)ရက္ေန႔တြင္ မုိင္းဖုန္း(ခ)ေက်းရြာအုပ္စု ေဝွေလလန္ေက်းရြာရိွ ညီညီႏုိင္(ခ)ပီႏုိင္၏ ဇနီးျဖစ္သူေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မွန္ေျပာင္းပါေသနတ္ရွည္ (၁)လက္၊က်ည္အိမ္(၁)ခုႏွင့္ .22 က်ည္ (၅၄)ေတာင့္၊ ေဘာစိထည့္၍ပစ္ရသည့္ ဂက္စ္ေသနတ္(၁)လက္ႏွင့္ ၎က်ည္အိမ္(၁)ခုတို႔ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ မူးယစ္ေဆး၊ လက္နက္ခဲယမ္းမ်ားဖမ္းဆီးရမိမႈမွ လြတ္ေျမာက္ေနသည့္ ညီညီႏုိင္(ခ)ပီႏုိင္ႏွင့္ လက္ရိွဖမ္းမိထားသည့္ စိုင္းဆိုင္မိုင္း(ခ) ကိုေဇာ္ႏွင့္ စိုင္းဝမ္း(ခ)အိုက္ဝမ္း၊ ထုိင္းႏုိင္ငံသား အႏုခ်ိဳင္းကာတဲႏွင့္ တရုတ္ႏုိင္ငံသား (၅)ဦးတို႔ကို သက္ဆုိင္ရာဥပေဒမ်ားျဖင့္ အသီးသီးအေရးယူျခင္းကို လုပ္ေဆာင္ေနွဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးနယ်မြေ အတွင်းရှိ နိုင်ရတနာရွှတြေိဂံကုမ္ပဏီလီမိတက်၏ သတ္တုလုပ်ကွက်ဝန်းအတွင်း နယ်မြေခံတပ်မတော်က စစ်ကြောင်းဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၄)ရက်နေ့က ဝင်ရောက်စစ်ဆေးရာ တရုတ်နိုင်ငံသား (၅)ဦးကို ဖမ်းမိကြောင်း သိရသည်။

သတ္တုရှာဖွေရေးကုမ္ပဏီဝင်းအတွင်းမှ ဖမ်းမိသည့် တရုတ်နိုင်ငံသား အမျိုးသား (၄)ဦးဖြစ်သည့် CHEN VUEJIN၊ LTU NAILONG၊ LIU TIANAI နှင့် JIN XIGANG၊ အမျိုးသမီး(၁)ဦးဖြစ်သည့် JIM JIE RONG တို့အား တပ်မတော်စစ်ကြောင်းက ကျိုင်းလပ်မြို့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ထားပြီး လဝကဥပဒဖြေင့် အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းသိရသည်။

တာချီလိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် နယ်မြေခံတပ်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့ ည(၆)နာရီဝန်းကျင်တွင် မိုင်းလင်းမှ တာချီလိတ်မြို့တွင်းသို့ ကျည်မျိုးစုံ (၆၃၈)တောင့်သယ်လာသည့် ထိုင်းနိုင်ငံသားကို ဖမ်းမိပြီးနောက် အဆိုပါခဲယမ်းများ၏ ပိုင်ရှင်ဖြစ်သည့် ညီညီနိုင်(ခ)ပီနိုင်နေထိုင်သည့် ဆေခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိနေအိမ်ကို ဇွန်လ (၂၃)ရက်နေ့ နံနက်(၁)နာရီမထိုးမီက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါသည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

ညီညီနိုင်(ခ)ပီနိုင်၏နေအိမ်တွင် အိမ်စောင့်အမျိုးသားနှစ်ဦးဖြစ်သည့် စိုင်းဆိုင်မိုင်းနှင့် အိုက်ဝမ်းတို့နှင့်အတူ စိတ်ကြွဆေးပြား (၁၄၀၀)ပြား၊ ဘိန်းဖြူ (၆၆၀)ဂရမ်၊ အိုက်စ်(၂၇၅)ဂရမ်ခန့်၊ ကဖင်း (၄၇၃)ဂရမ်ခန့်၊ စနိုက်ပါအပါအဝင် သေနတ်မျိုးစုံ (၁၅)လက်၊ ကျည်မျိုးစုံ(၁၃၆၀)တောင့်၊ ကျည်ဘောက်နှင့် ကျည်အိမ်မျိုးစုံ (၃၄)ခု၊ ရွှေရည်စိမ်နှင့် ငွေထည်လက်ဝတ်ရတနာများ၊ ကျောက်အရိုင်းရောရာမျိုးစုံ၊ ရွှေနှင့်ကျောက်ရောရာ ရွှေထည်အလေးချိန်စုစုပေါင်း (၈၅၈.၆)ဂရမ်ခန့်၊ စိုင်းညီညီနိုင်အမည်ဖြင့် ဟိုမိန်းပြည်သူ့စစ်ဌာနအဖွဲ့၏ ကဒ်တစ်ခု၊ ဒေါ်နန်းရှီးဖောင်းအမည်ဖြင့် ဘဏ်ငွေစုစာအုပ်၊ Crown အမျိုးအစား ခဲရောင်မော်တော်ယာဉ် (၁)စီး၊ Canda အမျိုးအစား အနက်ရောင်ဆိုင်ကယ် (၁)စီး၊ Honda Wave 110 အမျိုးအစား ဖြူပြာရောင်ဆိုင်ကယ်(၁)စီးနှင့် Hummer H2 အမျိုးအစား အဖြူရောင်မော်တော်ယာဉ် (၁)စီး၊ ကျွန်းသစ်ခွဲသား (၉)တန်ကျော်တို့ကို ဖမ်းမိထားခြင်းဖြစ်သည်။

ယင်းနောက် ညီညီနိုင်(ခ)ပီနိုင်၏ နိုင်ရတနာရွှတြေိဂံကုမ္ပဏီလီမိတက် တည်ရှိရာ တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ မိုင်းလင်းဘုန်းကြီးကျောင်းသွားလမ်းဘေးရှိ ခြံဝန်းအတွင်း ဇွန်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့်သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်စစ်ဆေးရာ စိတ်ကြွဆေးပြားထုတ်လုပ်သည့်စက် (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ RPJ အပါအဝင် သေနတ်မျိုးစုံ ( ၂)လက်၊ ကျည်မျိုးစုံ (၁၃၀)တောင့်နှင့် ကျည်ဘောက်မျိုးစုံ (၂)ခု၊ ဘက်ဟိုးယာဉ်(၁)စီး၊ CIUGONG လုတ်တာယာဉ် (၁)စီး၊ (၁၂)ဘီးယာဉ် (၁)စီး၊ (၆)ဘီးယာဉ် (၁)စီးနှင့် YAMAHA 250 R အမျိုးအစား ခဲ/ပြာရောင် ဆိုင်ကယ်(၁)စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး လူတစ်ဦးတစ်ယောက်မှ ဖမ်းမိရရှိခဲ့ခြင်း မရှိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က ဇွန်လ (၂၃)ရက်နေ့တွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာရှိ ညီညီနိုင်(ခ)ပီနိုင်၏ ဇနီးဖြစ်သူနေအိမ်အား ဝင်ရောက်ရှာဖွေရာ မှန်ပြောင်းပါသေနတ်ရှည် (၁)လက်၊ကျည်အိမ်(၁)ခုနှင့် .22 ကျည် (၅၄)တောင့်၊ ဘောစိထည့်၍ပစ်ရသည့် ဂက်စ်သေနတ်(၁)လက်နှင့်၎င်းကျည်အိမ်(၁)ခုတို့ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေး၊ လက်နက်ခဲယမ်းများဖမ်းဆီးရမိမှုမှ လွတ်မြောက်နေသည့် ညီညီနိုင်(ခ)ပီနိုင်နှင့် လက်ရှိဖမ်းမိထားသည့် စိုင်းဆိုင်မိုင်း(ခ) ကိုဇော်နှင့် စိုင်းဝမ်း(ခ)အိုက်ဝမ်း၊ ထိုင်းနိုင်ငံသား အနုချိုင်းကာတဲနှင့် တရုတ်နိုင်ငံသား (၅)ဦးတို့ကို သက်ဆိုင်ရာဥပဒေများဖြင့် အသီးသီးအရေးယူခြင်းကို လုပ်ဆောင်နှေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net