တာချီလိတ် B.H.S English School၏ ဒီဇင်ဘာလအားကစားပွဲတော် ကျင်းပ

တာချီလိတ် B.H.S English School၏ ဒီဇင်ဘာလအားကစားပွဲတော် ကျင်းပ
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
တာချီလိတ် B.H.S English School၏ ဒီဇင်ဘာလအားကစားပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ B.H.S English School က ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာလ အားကစားပွဲတော်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့ နံနက်က မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။

ကလေးငယ်များ အနေဖြင့် ကာယ၊ ဉာဏ ဖွံ့ဖြိုးစေရန်အပြင် ကြိုးစားမှု ဆုလဒ်နှင့် အရှုံးကို ရင်ဆိုင်လက်ခံတတ်စေသည့် အလေ့အကျင့်များကို ရရှိစေရန် အားကစားပွဲများ ကျင်းပပေးရခြင်းဖြစ်သည်ဟု B.H.S English School ၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီသီအောင်ထံမှ သိရသည်။

B.H.S English School ၏ ဒီဇင်ဘာလ အားကစားပွဲတော်ကို ကျောင်းသူ ကျောင်းသားများ၊ ဆရာ ဆရာမများနှင့် တက်ရောက်လာသည့် မိဘများက နိုင်ငံတော်သီချင်းဖြင့် ဖွင့်လှစ်ကြပြီး အားကစားနည်း (၂၃)  မျိုးကို ကျောင်းသူ ကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ဟန်စိုးထိုက်

ဆက်စပ်သတင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~