တာချီလိတ်မြို့ BHS English School တွင် မြန်မာ့ရိုးရာမုန့်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပ

တာချီလိတ်မြို့ BHS English School တွင် မြန်မာ့ရိုးရာမုန့်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲကျင်းပ
အောက်တိုဘာ 5, 2019
By 🌸
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ BHS English School က မြန်မာ့ရိုးရာမုန့်ပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့ နေ့လယ်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပသည်။

ပွဲတော်တွင် မြန်မာ့ရိုးရာမုန့်မျိုးစုံအပြင် ပုံဆွဲခြင်း၊ မျက်နှာဆေးရောင်ခြယ်ခြင်းစသည်ဖြင့် ကလေးများအတွက် စိတ်ဝင်စားဖွယ်ရာ ကစားနည်းများဖြင့် တွဲဖက်ကျင်းပပေးခြင်းဖြစ်ပြီး BHS English School ၏ ကျောင်းသားကျောင်းသူများက မိဘများ၊  ဘိုးဘွားများနှင့်အတူ လာရောက်ဆင်နွှဲကြသည်ကို တွေ့ရသည်။

အဆိုပါကျောင်းက ရာသီအလိုက်ပွဲတော်များ၊ နေ့ထူးနေ့မြတ်များနှင့် နိုင်ငံတကာအထိမ်းအမှတ်နေ့များ အကြောင်းကို ကလေးငယ်များ ရင်းနှီးစေရန်ရည်ရွယ်၍ ပွဲတော်များ ကျင်းပပေးလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ   ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
တာခ်ီလိတ္ၿမိဳ႕ BHS English School တြင္ ျမန္မာ့ရိုးရာမုန္႔ပြဲေတာ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲက်င္းပ
***************
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School က ျမန္မာ့ရိုးရာမုန္႔ပြဲေတာ္ႏွင့္ ေပ်ာ္ပြဲရႊင္ပြဲမ်ားကို ၂၀၁၉ ခုႏွစ္၊ ေအာက္တုိဘာလ (၅)ရက္ေန႔ ေန႔လယ္ပိုင္းက အဆိုပါေက်ာင္း၌ က်င္းပသည္။

ပြဲေတာ္တြင္ ျမန္မာ့ရိုးရာမုန္႔မ်ိဳးစံုအျပင္ ပံုဆြဲျခင္း၊ မ်က္ႏွာေဆးေရာင္ျခယ္ျခင္းစသည္ျဖင့္ ကေလးမ်ားအတြက္ စိတ္ဝင္စားဖြယ္ရာ ကစားနည္းမ်ားျဖင့္ တြဲဖက္က်င္းပေပးျခင္းျဖစ္ၿပီး BHS English School ၏ ေက်ာင္းသားေက်ာင္းသူမ်ားက မိဘမ်ား၊  ဘိုးဘြားမ်ားႏွင့္အတူ လာေရာက္ဆင္ႏႊဲၾကသည္ကို ေတြ႔ရသည္။

အဆိုပါေက်ာင္းက ရာသီအလုိက္ပြဲေတာ္မ်ား၊ ေန႔ထူးေန႔ျမတ္မ်ားႏွင့္ ႏုိင္ငံတကာအထိမ္းအမွတ္ေန႔မ်ား အေၾကာင္းကို ကေလးငယ္မ်ား ရင္းႏွီးေစရန္ရည္ရြယ္၍ ပြဲေတာ္မ်ား က်င္းပေပးေလ့ရိွျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု   ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net