မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များအား တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်စိမ်းလောင်းလှူ

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များအား တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများမှ ဆွမ်းဆန်စိမ်းလောင်းလှူ
အောက်တိုဘာ 16, 2019
By Tachileik News Agency

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၁)ေပၚတြင္ ျပည္နယ္အစိုးရအဖြဲ႔ ႏွင့္ ဌာနဆိုင္ရာမ်ားမွ ဆြမ္းဆန္စိမ္းေလာင္းလွဴ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်း၌ မယ်ဆိုင်မြို့မှတစ်ဆင့် ကြွရောက်လာရာ ချစ်ကြည်ရေးတံတား(၁)ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့ နှင့် ဌာနဆိုင်ရာများက ဆွမ်းဆန်စိမ်းလောင်းလှူပူဇော် ကြိုဆိုကြသည်။

သံဃာတော်အပါး (၄၀၀)ကျော်က နံနက် (၉)နာရီခွဲဝန်းကျင်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှ ကြွလာရာ မယ်ဆိုင်ဘက်ခြမ်းမှလည်း ဆွမ်းဆန်စိမ်းလောင်းလှူကြပြီး မြန်မာဘက်ခြမ်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဌာနဆိုင်ရာများနှင့်အတူ နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ စောင့်ကြိုကာ ဆွမ်းဆန်စိမ်းလောင်းလှူကြခြင်းဖြစ်သည်။

မယ်ဆိုင်ဘက်မှ ကြွလာသည့် သံဃာတော်များနှင့်အတူ ဒုတိယအကြိမ် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ ဓမ္မခရီးစီစဉ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများလည်း လိုက်ပါလာခြင်းဖြစ်သည်။

သံဃာတော်များသည် ဆွမ်းဆန်စိမ်းအလှူခံယူပြီးနောက် နဂါးနှစ်ကောင်ကျောင်းတိုက်ရှိ ထပ်ဆိုင်းမောင်းစေတီကို ဖူးမြော်ပြီး ပရိတ်ရွတ်ဖတ်ပူဇော်ကြကာ နေ့လယ် (၂)နာရီအချိန်၌ တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်တွင် ဗုဒ္ဓဂါယာမှယူဆောင်လာသည့် ဗောဓိညောင်ပင်ကို စိုက်ပျိုးကြမည်ဖြစ်သည်။

တာချီလိတ်သို့ ကြွရောက်လာသည့် သံဃာတော်များက ညနေပိုင်းတွင် တောင်တန်းသာသနာပြု(ဗဟို)ဆရာတော်ကျော်ငးနှင့် ငွေတောင်ဦးကမ္မဌာန်းကျောင်းများသို့လည်း ကြွရောက်မည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅) နိုင်ငံ ဓမ္မခရီးကြွရောက်ရာတွင် မြန်မာနိုင်ငံသို့ ဓမ္မခရီးကို အောက်တိုဘာလ (၁၆)ရက်မှ (၁၈)ရက်နေ့အထိ ကြွရောက်လာခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ပိုင္း၌ မယ္ဆုိင္ၿမိဳ႕မွတစ္ဆင့္ ၾကြေရာက္လာရာ ခ်စ္ၾကည္ေရးတံတား(၁)ေပၚတြင္ ျပည္နယ္အစိုးရအဖြဲ႕ ႏွင့္ ဌာနဆိုင္ရာမ်ားက ဆြမ္းဆန္စိမ္းေလာင္းလွဴပူေဇာ္ ႀကိဳဆိုၾကသည္။

သံဃာေတာ္အပါး (၄၀၀)ေက်ာ္က နံနက္ (၉)နာရီခြဲဝန္းက်င္တြင္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)မွ ၾကြလာရာ မယ္ဆုိင္ဘက္ျခမ္းမွလည္း ဆြမ္းဆန္စိမ္းေလာင္းလွဴၾကၿပီး ျမန္မာဘက္ျခမ္းတြင္ ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားက ဌာနဆုိင္ရာမ်ားႏွင့္အတူ ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ ေစာင့္ႀကိဳကာ ဆြမ္းဆန္စိမ္းေလာင္းလွဴၾကျခင္းျဖစ္သည္။

မယ္ဆုိင္ဘက္မွ ၾကြလာသည့္ သံဃာေတာ္မ်ားႏွင့္အတူ ဒုတိယအႀကိမ္ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံ ဓမၼခရီးစီစဥ္သည့္ ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊႏွင့္ ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔မွ တာဝန္ရိွသူမ်ားလည္း လုိက္ပါလာျခင္းျဖစ္သည္။

သံဃာေတာ္မ်ားသည္ ဆြမ္းဆန္စိမ္းအလွဴခံယူၿပီးေနာက္ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ရိွ ထပ္ဆုိင္းေမာင္းေစတီကို ဖူးေျမာ္ၿပီး ပရိတ္ရြတ္ဖတ္ပူေဇာ္ၾကကာ ေန႔လယ္ (၂)နာရီအခ်ိန္၌ တာခ်ီလိတ္ေရႊတိဂံုေစတီရင္ျပင္တြင္ ဗုဒၶဂါယာမွယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္ကို စိုက္ပ်ိဳးၾကမည္ျဖစ္သည္။

တာခ်ီလိတ္သို႔ ၾကြေရာက္လာသည့္ သံဃာေတာ္မ်ားက ညေနပိုင္းတြင္ ေတာင္တန္းသာသနာျပဳ(ဗဟို)ဆရာေတာ္ေက်ာ္ငးႏွင့္ ေငြေတာင္ဦးကမၼဌာန္းေက်ာင္းမ်ားသို႔လည္း ၾကြေရာက္မည္ျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားသည္ ေအာက္တိုဘာလ (၁၄) ရက္ေန႔မွ ေအာက္တိုဘာလ (၃၁) ရက္ေန႔အထိ (၅) ႏိုင္ငံ ဓမၼခရီးၾကြေရာက္ရာတြင္ ျမန္မာႏိုင္ငံသို႔ ဓမၼခရီးကို ေအာက္တိုဘာလ (၁၆)ရက္မွ (၁၈)ရက္ေန႔အထိ ၾကြေရာက္လာျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net