တာချီလိတ် - မယ်ဆိုင်ရှိ ချစ်ကြည်ရေးတံတား(၂)အား တံတား(၁)ကဲ့သို့ အသုံးပြုရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားကြောင်း TBC အစည်းအဝေးတွင် မြန်မာဘက်က ဖြေကြားထား

တာချီလိတ် - မယ်ဆိုင်ရှိ ချစ်ကြည်ရေးတံတား(၂)အား တံတား(၁)ကဲ့သို့ အသုံးပြုရန် ရှမ်းပြည်နယ်အစိုးရထံ တင်ပြထားကြောင်း TBC အစည်းအဝေးတွင် မြန်မာဘက်က ဖြေကြားထား
မေ 9, 2019
By Tachileik News Agency
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် နေ့စဉ်ယာဉ်ကြောကြပ်တည်းကာ ပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အတွက် ချစ်ကြည်ရေးအမှတ်(၂)တံတားအား အသုံးပြုသွားရန် ထိုင်းဘက်က အဆင်သင့်ဖြစ်နေကြောင်းကို (၃)ကြိမ်မြောက် ဆွေးနွေးခြင်းအဖြစ် (၉၅)ကြိမ်မြောက် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအဝေးတွင် ထပ်မံဆွေးနွေးလာရာ မြန်မာဘက်က ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း ပြန်လည်ဖြေကြားလိုက်သည်။

"လက်ရှိအနေအထားအရ အမှတ်(၁)ချစ်ကြည်ရေးတံတားသည် နှစ်ဖက်ပြည်သူများ ဖြတ်သန်းသွားလာမှု နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာသောကြောင့် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်စေလျက်ရှိသည့်အတွက် ယာဉ်ကြောကြပ်တည်း ပိတ်ဆို့မှုများမရှိစေရေးနှင့် အများပြည်သူ ဖြတ်သန်းသွားလာရာတွင် လွယ်ကူအဆင်ပြေ ချောမွေ့မှုရရှိစေရေးအတွက် ထိုင်းနိုင်ငံဘက်အနေနဲ့ ချစ်ကြည်ရေးအမှတ်(၂)တံတားအား အသုံးပြုသွားရန် အသင့်ဖြစ်ပါကြောင်း နှင့် မြန်မာဘက်အနေဖြင့် လိုအပ်သလို သုံးသပ်စဉ်းစားပေးစေလိုကြောင်း" ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ - TBC(မယ်ဆိုင်)ဘက်က ဆွေးနွေးလာခြင်းဖြစ်သည်။

ထိုင်းဘက်က ဆွေးနွေးမှုနှင့် ပတ်သက်၍ မြန်မာဘက် TBC က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လမ်းညွှန်မှုခံယူရန် တင်ပြဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

(၉၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအဝေးအား ၂၀၁၉ခုနှစ် ဧပြီလ(၃၀)ရက်နေ့က တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တာချီလိတ် - မယ်ဆိုင်နေ ပြည်သူများနေ့စဉ်သွားလာမှု အဆင်ပြေစေရန်အတွက် ထိုင်းဘက်က ပထမဆုံးအနေဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့က တစ်ကြိမ် နှင့် ယခု ၂၀၁၉ခုနှစ် ဧပြီလတွင်(၁)ကြိမ် စုစုပေါင်း (၃)ကြိမ်တိုင်တိုင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘက်က တတိယအကြိမ်မြောက် အစည်းအဝေးမှသာ ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်းကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။



လက်ရှိ၌  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနေပြီး  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် နေ့စဉ်ယာဉ်ကြောကြပ်တည်းကာ ပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အတွက် ချစ်ကြည်ရေးအမှတ်(၂)တံတားအား အသုံးပြုသွားရန် ထိုင်းဘက်က အဆင်သင့်ဖြစ်နေကြောင်းကို (၃)ကြိမ်မြောက် ဆွေးနွေးခြင်းအဖြစ် (၉၅)ကြိမ်မြောက် မြို့နယ်အဆင့်နယ်ခြားကော်မတီအစည်းအေဝးတွင် ထပ်မံဆွေးနွေးလာရာ မြန်မာဘက်က ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း ပြန်လည်ဖြကြေားလိုက်သည်။

"လက်ရှိအနေအထားအရ အမှတ်(၁)ချစ်ကြည်ရေးတံတားသည် နှစ်ဖက်ပြည်သူများ ဖြတ်သန်းသွားလာမှု နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာသောကြောင့် ယာဉ်ကြောကြပ်တည်းမှုများ ဖြစ်ပေါ်စေလျက်ရှိသည့်အတွက် ယာဉ်ကြောကြပ်တည်း ပိတ်ဆို့မှုများမရှိစေရေးနှင့် အများပြည်သူ ဖြတ်သန်းသွားလာရာတွင် လွယ်ကူအဆင်ပြေ ချောမွေ့မှုရရှိစေရေးအတွက် ထိုင်းနိုင်ငံဘက်အနေနဲ့ ချစ်ကြည်ရေးအမှတ်(၂)တံတားအား အသုံးပြုသွားရန် အသင့်ဖြစ်ပါကြောင်း နှင့် မြန်မာဘက်အနဖြေင့် လိုအပ်သလို သုံးသပ်စဉ်းစားပေးစေလိုကြောင်း" ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ - TBC(မယ်ဆိုင်)ဘက်က ဆွေးနွေးလာခြင်းဖြစ်သည်။

ထိုင်းဘက်က ဆွေးနွေးမှုနှင့် ပတ်သက်၍ မြန်မာဘက် TBC က အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ လမ်းညွှန်မှုခံယူရန် တင်ပြဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပြန်လည်ဖြကြေားလိုက်ခြင်း ဖြစ်သည်။

(၉၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီအစည်းအေဝးအား ၂၀၁၉ခုနှစ် ဧပြီလ(၃၀)ရက်နေ့က တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်တွင် ကျင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တာချီလိတ် - မယ်ဆိုင်နေ ပြည်သူများနေ့စဉ်သွားလာမှု အဆင်ပြေစေရန်အတွက် ထိုင်းဘက်က ပထမဆုံးအနဖြေင့် ၂၀၁၈ခုနှစ် သြဂုတ်လ (၁၇)ရက်နေ့က တစ်ကြိမ်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့က တစ်ကြိမ် နှင့် ယခု ၂၀၁၉ခုနှစ် ဧပြီလတွင်(၁)ကြိမ် စုစုပေါင်း (၃)ကြိမ်တိုင်တိုင် စတင်ဆွေးနွေးခဲ့ခြင်းဖြစ်သော်လည်း မြန်မာဘက်က တတိယအကြိမ်မြောက် အစည်းအေဝးမှသာ ပြည်နယ်အစိုးရထံ တင်ပြထားပြီးဖြစ်ကြောင်းကို ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

"တာချီလိတ်က အရင်နဲ့မတူတော့ဘူး၊ လူနေမှုများပြားလာတာနဲ့အမျှ ယာဉ်တွေလည်းများလာတယ်။ အဲ့တော့ တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ကို နေ့စဉ်သွားရောက်သူတွေလည်းများလာတယ်။ တံတားပေါ်မှာ တစ်နေကုန် ယာဉ်ကြောပိတ်ဆို့နေတတ်တာမဟုတ်ပေမဲ့ ယာဉ်ကြောပိတ်ဆို့ပြီးဆိုရင်လည်း တော်တော်လေးကြာတယ်၊ အဲ့ဒါကြောင့် အမှတ်(၂)တံတားကိုလည်း တံတား(၁)လို ပြောင်းလဲအသုံးပြုမယ်ဆိုရင် ကျွန်တော်တို့လို ဒေသခံတွေအနေနဲ့ သွားရေးလာရေး အဆင်ပြေလွယ်ကူလာမှာပါ"ဟု တာချီလိတ်ဒေသခံတစ်ဦးဖြစ်သူ ဦးစိုင်းလှက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားပေါ် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ပတ်သက်၍လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ တာချီလိတ်ခရီးစဉ်ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်နေ့ကလည်း ဒေသခံများက တင်ပြခဲ့ကြခြင်းများလည်း ရှိခဲ့သည်။

လက်ရှိ၌ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနပြေီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
Photo: สถานีตำรวจภูธร แม่สาย၊ ဦးထွန်း(မယ်ဆိုင်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net