နယ်စပ်ဒေသ တာချီလိတ်ရှိ ရပ်ကွက်(၃)ခုတွင် လောင်းကစား ဂိမ်းခုံ (၃၃)ခုံ နှင့် အမျိုးသား အမျိုးသမီး (၁၄)ဦးကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိ

နယ်စပ်ဒေသ တာချီလိတ်ရှိ ရပ်ကွက်(၃)ခုတွင် လောင်းကစား ဂိမ်းခုံ (၃၃)ခုံ နှင့် အမျိုးသား အမျိုးသမီး (၁၄)ဦးကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 6, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်ရှိ ရပ်ကွက်(၃)ခုတွင် လောင်းကစား ဂိမ်းခုံ (၃၃)ခုံ နှင့် အမျိုးသား အမျိုးသမီး (၁၄)ဦးကို ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ရပ်ကွက်(၃)ခု အတွင်းရှိ ဂိမ်းဆိုင် (၅) ဆိုင်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့ နေ့လည်ပိုင်းက  ပူးပေါင်းအဖွဲ့ဖြင့် ဝင်ရောက်ဖမ်းဆီးရာ ငါးမန်းဂိမ်းခုံ (၃၃) ခုံ၊ ထိုင်းဘတ်ငွေ (၆၇,၅၉၅) ဘတ်နှင့်အတူ အမျိုးသား အမျိုးသမီး စုစုပေါင်း (၁၄) ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

"ဒီနေ့ အစည်းအဝေးခေါ်ပြီးတော့ ခရိုင်တပ်ဖွဲ့မှူး၊ မြို့နယ်မှူးနဲ့ စခန်းမှူးတို့ ဦးဆောင်ပြီး အဖွဲ့ (၃) ဖွဲ့နဲ့ဖမ်းတာ။ အဖွဲ့စုံပါတယ်"

ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် ဟိုတယ် (၁၆) လုံးနှင့် အခြားနေရာများတွင် ငါးမန်းဂိမ်းလောင်းကစားရုံပေါင်း (၅၀၀) ကျော်ရှိကြောင်း အထက်ဌာနသတင်းများအရ ၎င်းငါးမန်းဂိမ်းခုံများ အမှန်တကယ်ရှိ၊ မရှိ စုံစမ်းဖော်ထုတ်အရေးယူဆောင်ရွက်သွားရန် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး(ကျိုင်းတုံ)မှ ညွှန်ကြားလာသဖြင့် ငါးမန်းဂိမ်းခုံများ ရှာဖွေဖမ်းဆီးမှုများ လုပ်ဆောင်နေဖြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၊ အာခါဈေးလမ်းရှိ  ဂိမ်းခုံဆိုင်သို့ ဝင်ရောက်ရှာဖွေရာ ငါးမန်းဂိမ်းခုံ အကြီး (၂) ခုံ၊ ငါးမန်းဂိမ်းခုံ အသေး (၁၃) ခုံ၊ ထိုင်းဘတ်ငွေစက္ကူရောရာ (၄,၀၂၀) ဘတ်တို့ကို အမျိုးသမီး (၃) ဦးနှင့် အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၊ မြို့ပတ်လမ်းမဘေးရှိ အိုက်ခွမ်း နေအိမ်လိုင်းခန်းတွင် လူ (၁၀)ဦး ဆော့နိုင်သည့် ငါးမန်းဂိမ်းခုံ (၁) ခုံ၊ လူ (၈) ဦးဆော့နိုင်သည့် ငါးမန်းဂိမ်းခုံ (၁) ခုံ၊ လူ (၂) ဦးဆော့နိုင်သည့် ငါးမန်းဂိမ်းခုံ (၆) ခုံ၊ ထိုင်းဘတ်ငွေစက္ကူရောရာ (၂၈,၉၁၀) ဘတ်တို့ကို အမျိုးသား (၂) ဦးနှင့်အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

ယင်းအပြင် တာချီလိတ်မြို့ ဆန်ဆိုင်း(က) ရပ်ကွက်၊ ဝမ်မိုင်ရွာသွားလမ်းရှိ ဆိုင်ခန်းအငှား အမှတ်(၁) တွင် ငါးမန်းဂိမ်းခုံ အကြီး (၁) ခုံ၊ ငါးမန်းဂိမ်းခုံ အသေး (၄) ခုံ၊ ထိုင်းဘတ်ငွေစက္ကူရောရာ (၁၃,၁၄၅) ဘတ်တို့ကို အမျိုးသမီး (၁) ဦး၊ အမျိုးသား (၃) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နှင့်  ဆိုင်ခန်း အမှတ် (၂) တွင် ငါးမန်းဂိမ်းခုံ အကြီး (၂) ခုံ၊ ငါးမန်းဂိမ်းခုံ အသေး (၂) ခုံ၊ ထိုင်းဘတ်ငွေစက္ကူရောရာ (၈,၀၂၀) ဘတ်တို့ကို အမျိုးသား (၂) ဦးနှင့်အတူ ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ဆိုင်ခန်းအငှားတွင် ငါးမန်းဂိမ်းခုံအကြီး (၁) ခုံ၊ ထိုင်းဘတ်ငွေစက္ကူရောရာ (၁၃,၅၀၀) ဘတ်တို့ကို အမျိုးသမီး (၃) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ငါးမန်းဂိမ်းခုံဖွင့်လှစ်ထားသူများနှင့် လောင်းကစားလာရောက်ပြုလုပ်သည့် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း (၁၄)ဦးအား  လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က)အရ ရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~