တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်း ၂၈ ခုအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူ

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်း ၂၈ ခုအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူ
ဒီဇင်ဘာ 19, 2019
By 🌸

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်း ၂၈ ခုအတွက် ဒုတိယအကြိမ် တင်ဒါခေါ်ယူ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် မြို့နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်း (၂၈)အတွက် တင်ဒါအတွဲ (၁၀)ခုကို ဒုတိယအကြိမ် တင်ဒါခေါ်ယူထားရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆) ရက်နေ့ နောက်ဆုံးထား၍ တင်ဒါလျှောက်လွှာများ ဝယ်ယူလျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

 [တတိယသုံးလပတ် ဆောင်ရွက်ရမည့်လုပ်ငန်းများ]

တင်ဒါလျှောက်လွှာများကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် ပိတ်ရက်မရှိ ရုံးချိန်များအတိုင်း လာရောက်ဝယ်ယူနိုင်ကြမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးသို့ လူကိုယ်တိုင် သော်လည်းကောင်း၊ ဖုန်း ၀၈၄ ၅၂၈၃၅ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

[ဒုတိယသုံးလပတ် ဆောင်ရွက်ရမည့်လုပ်ငန်းများ]

တင်ဒါလျှောက်ထားခြင်းကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြမည်ဖြစ်ပြီး တင်ဒါများကို ဇန်နဝါရီလ (၇)ရက်နေ့၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

တင်ဒါခေါ်ယူထားသည့်လုပ်ငန်းများတွင် ပထမ (၃)လပတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်း (၆)ခုကို တင်ဒါအတွဲ (၃)ခုဖြင့်လည်းကောင်း၊  ဒုတိယ (၃)လပတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်း (၁၁)ခုကို တင်ဒါအတွဲ (၃)ခုဖြင့်လည်းကောင်း၊ တတိယ (၃)လပတ်တွင် ဆောင်ရွက်ရမည့် လုပ်ငန်း (၁၃)ခုကို တင်ဒါအတွဲ (၄)ခုဖြင့်လည်းကောင်း ခေါ်ယူထားခြင်းဖြစ်သည်။

[ပထမသုံးလပတ် ဆောင်ရွက်ရမည့်လုပ်ငန်းများ]

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စည်ပင်သာယာရေးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းပေါင်း(၄၀)အတွက် တင်ဒါအတွဲ (၁၄) တွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့တွင် ရောင်းချရာ လျှောက်ထားသူမရှိသည့် တင်ဒါအတွဲ (၁၀) ခု ကျန်နေခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net ❂⊱

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~