တာခ်ီလိတ္တြင္ အရိွန္မထိန္းႏိုင္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးက မီးပိြဳင့္ထိန္း ယာဥ္ထိန္းရဲကင္းအား ၀င္တိုက္

တာခ်ီလိတ္တြင္ အရိွန္မထိန္းႏိုင္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးက မီးပိြဳင့္ထိန္း ယာဥ္ထိန္းရဲကင္းအား ၀င္တိုက္
မေ 28, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးႏွင့္ အားကစားရံုလမ္းေထာင့္(ရွမ္းရိုးမကြင္းေရွ႕)ရိွ မီးပိြဳင့္ထိန္းယာဥ္ထိန္းရဲကင္းရံုကို အရိွန္မထိန္းႏိုင္သည့္ ေမာ္ေတာ္ယာဥ္တစ္စီးက ၂၀၁၉ ခုႏွစ္ ေမလ (၂၈) ရက္ေန႔ နံနက္အေစာပိုင္းက   ဝင္တုိက္သြားေၾကာင္း သိရသည္။

ပံုလို႔လမ္းဆံုဘက္မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးအတိုင္း ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ယာဥ္သည္ အားကစားရံုသြားလမ္းဆံု မီးပိြဳင့္အနီးတြင္ အရိွန္မထိန္းႏိုင္ဘဲ လက္၀ဲဘက္ရိွ ပလက္ေဖာင္းေပၚေက်ာ္တက္ကာ မီးပိြဳင္ထိန္းယာဥ္ထိန္းရဲရံုကို ဝင္တုိက္မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရသူမရိွေၾကာင္း ႏွင့္ မီးပြိဳင့္မွာ ေန႔လည္ပိုင္းအခ်ိန္ထိ အခ်က္မျပႏုိင္ေသးေၾကာင္း သိရသည္။

အဆိုပါယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ယာဥ္ေမာင္း ေက်ာ္ဆန္းကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၈/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၂၇၉ အရ အမႈဖြင့္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - TP


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးနှင့် အားကစားရုံလမ်းထောင့်(ရှမ်းရိုးမကွင်းရှေ့)ရှိ မီးပွိုင့်ထိန်းယာဉ်ထိန်းရဲကင်းရုံကို အရှိန်မထိန်းနိုင်သည့် မော်တော်ယာဉ်တစ်စီးက ၂၀၁၉ ခုနှစ် မေလ (၂၈) ရက်နေ့ နံနက်အစောပိုင်းက ဝင်တိုက်သွားကြောင်း သိရသည်။

ပုံလို့လမ်းဆုံဘက်မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အားကစားရုံသွားလမ်းဆုံ မီးပွိုင့်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ လက်ဝဲဘက်ရှိ ပလက်ဖောင်းပေါ်ကျော်တက်ကာ မီးပွိုင်ထိန်းယာဉ်ထိန်းရဲရုံကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း နှင့် မီးပွိုင့်မှာ နေ့လည်ပိုင်းအချိန်ထိ အချက်မပြနိုင်သေးကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဆန်းကို တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၈/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net