အိပ္ေပ်ာ္ေနသည့္ မိသားစု(၃)ဦးအား ေသနတ္ျဖင့္ ၀င္ေရာက္ပစ္ခတ္ရာမွ လင္မယား(၂)ဦး ဒဏ္ရာရ

အိပ္ေပ်ာ္ေနသည့္ မိသားစု(၃)ဦးအား ေသနတ္ျဖင့္ ၀င္ေရာက္ပစ္ခတ္ရာမွ လင္မယား(၂)ဦး ဒဏ္ရာရ
မေ 20, 2018
By Tachileik News Agency

 ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕နယ္၊ ကုန္းသာေက်းရြာရွိ ေနအိမ္တြင္ အိပ္ေပ်ာ္ေနသည့္ မိသားစုအား ေမလ(၂၀)ရက္ေန႔ နံနက္အေစာပိုင္းက မည္မသိသူမွ ေသနတ္ျဖင့္ ၀င္ေရာက္ ပစ္ခတ္ခဲ့မႈေၾကာင့္ မိသားစု(၃)ဦး အနက္ လင္မယားႏွစ္ဦးမွာ ေသနတ္ဒဏ္ရာမ်ားရထားသျဖင့္ သီေပါၿမိဳ႕ ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ထားရေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕က ၂၀၁၈ခုႏွစ္ ေမလ (၂၀) ရက္ေန႔ နံနက္ (၃) နာရီခြဲဝန္းက်င္တြင္ သတင္းရရိွသျဖင့္ သြားေရာက္ စစ္ေဆးရာ ေနအိမ္ အိပ္ခန္းအတြင္း သံုးႏွစ္အရြယ္ ကေလးတစ္ဦးႏွင့္ ၎၏ မိဘႏွစ္ဦး အိပ္စက္ရာ ေနရာတြင္ မိဘမ်ားမွာ ေသနတ္ဒဏ္ရာသံုးခ်က္စီ ရရွိထားျခင္း ျဖစ္ေၾကာင္း သီေပါၿမိဳ႕နယ္ ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ေသနတ္ပစ္ခံရသူမ်ားမွာ စိုင္းဆာဦး(ခ)စိုင္းသာမ်ိဳးႏွင့္ ဇနီး မနန္းေဆြ ျဖစ္ေၾကာင္းသိရၿပီး ၎တို႔အား သီေပါၿမိဳ႕ နယ္စည္းမျခားပရဟိတလူမႈကူညီေရးအသင္းက သီေပါျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ ေပးထားေၾကာင္း သိရွိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာရှိ နေအိမ်တွင် အိပ်ပျော်နေသည့် မိသားစုအား မေလ(၂၀)ရက်နေ့ နံနက်အစောပိုင်းက မည်မသိသူမှ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့မှုကြောင့် မိသားစု(၃)ဦး အနက် လင်မယားနှစ်ဦးမှာ သေနတ်ဒဏ်ရာများရထားသဖြင့် သီပေါမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။

သီပေါမြို့နယ်ရဲတပ်ဖွဲ့က ၂၀၁၈ခုနှစ် မေလ (၂၀) ရက်နေ့ နံနက် (၃) နာရီခွဲဝန်းကျင်တွင် သတင်းရရှိသဖြင့် သွားရောက် စစ်ဆေးရာ နေအိမ် အိပ်ခန်းအတွင်း သုံးနှစ်အရွယ် ကလေးတစ်ဦးနှင့်၎င်း၏ မိဘနှစ်ဦး အိပ်စက်ရာ နေရာတွင် မိဘများမှာ သေနတ်ဒဏ်ရာသုံးချက်စီ ရရှိထားခြင်း ဖြစ်ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

သေနတ်ပစ်ခံရသူများမှာ စိုင်းဆာဦး(ခ)စိုင်းသာမျိုးနှင့် ဇနီး မနန်းဆွေ ဖြစ်ကြောင်းသိရပြီး၎င်းတို့အား သီပေါမြို့ နယ်စည်းမခြားပရဟိတလူမှုကူညီရေးအသင်းက သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~