ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်၍ လူနေအိမ်များ ထိခိုက်ပျက်စီး

Photo: CJ
Photo: CJ
ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်၍ လူနေအိမ်များ ထိခိုက်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်အတွင်း ပန်ဖြတ်ကျေးရွာတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း တိုက်ပွဲဖြစ်ပွားနေပြီး ဘုန်းကြီးကျောင်း နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ပန်ဖြတ်ကျေးရွာတွင် ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ နံနက်အစောပိုင်းက စ၍ နံနက်(၁၁)နာရီဝန်းကျင်အထိ  PSLF/TNLA, SSPP/SSA တပ်ပေါင်းစု နှင့် RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်တိုက်ပွဲဖြစ်ပွားခြင်းကြောင်း  ပန်ဖြတ်ကျေးရွာသားအချို့ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး ဘုန်းကြီးကျောင်း နှင့် လူနေအိမ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း‌ ရွှေဖီမြေသတင်းဌာန၏ ဖော်ပြထားချက်အရ သိရသည်။