နမ့်ဖက်ကာ စစ်ကောင်စီတပ်စခန်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်

နမ့်ဖက်ကာ စစ်ကောင်စီတပ်စခန်းအနီးတွင် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်
စက်တင်ဘာ 25, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာတွင် အမျိုးသားတစ်ဦး ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၄)ရက်နေ့တွင် မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက်ဒဏ်ရာရပြီး ဝဲဘက်ခြေထောက် ဖြတ်လိုက်ရကြောင်း သိရသည်။ 

နမ့်ဖက်ကာ ရပ်ကွက်(၂)တွင်နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီဖွဲ့၏ နမ့်ဖက်ကာ(၁၂၃)တပ်စခန်းအနီးရှိ ဗြုံးတောင်သို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့ကထောင်ထားသည့် မိုင်းနင်းမိပြီး ယာခြေဒဏ်ရာရကာ ဝဲခြေထောက်မှာ အရိုးကြေမွပြီး ပြတ်ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူကို မေတ္တာရှင်လူမှုကူညီရေးအသင်းမှ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒဏ်ရာပြင်းထန်သောကြောင့် လားရှိုးဆေးရုံသို့ လွှဲပြောင်းပေးခဲ့ရသည်ဟု TNLAက ယနေ့ စက်တင်ဘာလ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency